ၿမိဳ႕နယ္တရား႐ံုးမွာ အမႈလာရင္ဆိုင္သူ အမ်ိဳးသမီးကို ဓားနဲ႔ ထိုးသတ္

0
2187

မႏၱေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ံုးမွာ အမႈရင္ဆိုင္ၿပီး ျပန္လာတဲ့ အမ်ိဳးသမီးကို ဓားနဲ႔ ထိုးသတ္ၿပီး ထြက္ေျပးသြားမႈ ျဖစ္ပြားခဲ့ပါတယ္။

မေန႔က ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ကန္သာယာ ေအာင္ပင္လယ္ရပ္ေန ေဒၚဝင္းၾကည္ (၆၂) ဟာ တရား႐ံုးကအျပန္ ၇၈ လမ္းနဲ႔ ျမနႏၵာအိမ္ရာ လမ္းဆံုးအေရာက္ အသက္ ၁၉ ႏွစ္ခန္႔ရွိ လူငယ္တစ္ဦးက ဓားနဲ႔ထိုးၿပီး ထြက္ေျပးခဲ့တာ ျဖစ္ပါတယ္။

ေဒၚဝင္းၾကည္ရဲ႕ ဝဲရင္အံုေဘးကို ထိုးမိလို႔ မႏၱေလးျပည္သူ႔ေဆး႐ံုကို ပို႔ေဆာင္ခဲ့ရာမွာ ေဆး႐ံုအေရာက္ ေသဆံုးသြားခဲ့ပါတယ္။ အမွတ္ (၁၁) နယ္ေျမရဲစခန္းက လူသတ္မႈနဲ႔ အမႈဖြင့္စံုစမ္းေနပါတယ္။ ေဒၚဝင္းၾကည္ဟာ ပြဲစားတစ္ဦးျဖစ္ၿပီး အမႈရင္ဆိုင္ေနရသူ ျဖစ္ပါတယ္။
…………………. ။ ။ ……………………

မြို့နယ်တရားရုံးမှာ အမှုလာရင်ဆိုင်သူ အမျိုးသမီးကို ဓားနဲ့ ထိုးသတ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်ပြီး ပြန်လာတဲ့ အမျိုးသမီးကို ဓားနဲ့ ထိုးသတ်ပြီး ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကန်သာယာ အောင်ပင်လယ်ရပ်နေ ဒေါ်ဝင်းကြည် (၆၂) ဟာ တရားရုံးကအပြန် ၇၈ လမ်းနဲ့ မြနန္ဒာအိမ်ရာ လမ်းဆုံးအရောက် အသက် ၁၉ နှစ်ခန့်ရှိ လူငယ်တစ်ဦးက ဓားနဲ့ထိုးပြီး ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ဝင်းကြည်ရဲ့ ဝဲရင်အုံဘေးကို ထိုးမိလို့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရာမှာ ဆေးရုံအရောက် သေဆုံးသွားခဲ့ပါတယ်။ အမှတ် (၁၁) နယ်မြေရဲစခန်းက လူသတ်မှုနဲ့ အမှုဖွင့်စုံစမ်းနေပါတယ်။ ဒေါ်ဝင်းကြည်ဟာ ပွဲစားတစ်ဦးဖြစ်ပြီး အမှုရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)