အာရွ အႀကီးဆံုး အျပည္ျပည္ဆုိင္ရာ ေဆးသိပၸံပညာ ႏွီးေႏွာဖလွယ္ပြဲ က်င္းပမယ္

0
2061

အာရွမွာ အႀကီးဆံုးျဖစ္မယ့္ အျပည္ျပည္ဆိုင္ရာ ေဆးသိပၸံပညာ ႏွီးေႏွာဖလွယ္ပြဲႀကီးကို ျမန္မာႏိုင္ငံမွာ က်င္းပမွာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံ ဆရာဝန္အသင္းေအာက္ရွိ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ အဖြဲ႔က ဦးစီးက်င္းပမယ့္ အျပည္ျပည္ဆိုင္ရာ ေဆးသိပၸံပညာ ႏွီးေႏွာဖလွယ္ပြဲနဲ႔ အာရွပစိဖိတ္ အသည္းေရာဂါ ညီလာခံကုိ ရန္ကုန္ၿမိဳ႕ရွိ ႏုိဗုိတယ္ဟုိတယ္မွာ က်င္းပမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ပဥၥမေျမာက္အျဖစ္ က်င္းပမွာ ျဖစ္ၿပီး ေဖေဖာ္ဝါရီ ၁၆ ရက္ႏွင့္ ၁၇ ရက္တုိ႔မွာ က်င္းပမယ့္ အဲဒီပြဲကို ျပည္ပႏုိင္ငံေတြက အစာအိမ္၊ အူလမ္းေၾကာင္း ကမာၻ႔အဆင့္ရွိ ပါရဂူ ၁၆ ဦး၊ အသည္းေရာဂါ သိပၸံပညာရွင္ ကမာၻ႔ထိပ္သီး ပါရဂူ ၃၄ ဦးတုိ႔ ပါဝင္ တက္ေရာက္ ေဆြးေႏြးမွာ ျဖစ္ပါတယ္။
…………………… ။ ။ ……………………..

အာရှ အကြီးဆုံး အပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံပညာနှီးနှောဖလှယ်ပွဲ ကျင်းပမယ်

အာရှမှာ အကြီးဆုံးဖြစ်မယ့် အပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံပညာ နှီးနှောဖလှယ်ပွဲကြီးကို မြန်မာနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းအောက်ရှိ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ အဖွဲ့က ဦးစီးကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံပညာ နှီးနှောဖလှယ်ပွဲနဲ့ အာရှပစိဖိတ် အသည်းရောဂါ ညီလာခံကို ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပဉ္စမမြောက်အဖြစ် ကျင်းပမှာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့မှာ ကျင်းပမယ့် အဲဒီပွဲကို ပြည်ပနိုင်ငံတွေက အစာအိမ်၊ အူလမ်းကြောင်း ကမ္ဘာ့အဆင့်ရှိ ပါရဂူ ၁၆ ဦး၊ အသည်းရောဂါ သိပ္ပံပညာရှင် ကမ္ဘာ့ထိပ်သီး ပါရဂူ ၃၄ ဦးတို့ ပါဝင် တက်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)