
0
2056



……………….. ။ ။ ………………….

မကွေးတိုင်း အစိုးရဝန်ကြီး ၂ ဦးကို နုတ်ထွက်ခွင့်ပြု

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးနှစ်ဦးကို နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတ ဦးထင်ကျော်က မနေ့က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မကွေးတိုင်း အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်နဲ့ တိုင်း လယ်ယာစိုက်ပျိုးေ၇း၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့် တို့ကို နုတ်ထွက်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့တုန်းကလည်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးတွေကနေ နုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)