အင္းဒင္ လူသတ္မႈ ျဖစ္စဥ္မွာ ကြပ္ကဲဖို႔ တာဝန္ရွိသူေတြကိုလည္း အေရးယူမယ္

0
2203

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာမွာ လူ ၁၀ ဦး သတ္ျဖတ္ထားမႈဟာ ရြာသားတခ်ိဳ႕နဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြ က်ဴးလြန္တာ ျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က မေန႔က ဇန္နဝါရီ ၁၀ ရက္မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

မႏွစ္က စက္တင္ဘာ ၁ ရက္ေန႔မွာ ပင္လယ္ကမ္းစပ္ဘက္ နယ္ေျမရွင္းလင္းစဥ္ အၾကမ္းဖက္ အင္အား ၂၀၀ က ဝိုင္းဝန္းတိုက္ခိုက္တဲ့အတြက္ ေသနတ္မိုးေပၚ ေထာင္ေဖာက္ၿပီး လိုက္လံ ဖမ္းဆီးရာမွာ အၾကမ္းဖက္သမား ၁၀ ဦးကို ဖမ္းဆီးရမိခဲ့ပါတယ္။

လုပ္ထံုးလုပ္နည္းနဲ႔ အညီ ရဲစခနး္ကို မအပ္ဘဲ အင္းဒင္နယ္ေျမ ရဲစခန္းရွိ ကားႏွစ္စီးကို အၾကမ္းဖက္သမားေတြက မိုင္းဆြဲတိုက္ခိုက္မႈ၊ အဲဒီကာလမွာ အၾကမ္းဖက္ တိုက္ခိုက္မႈေတြ ျဖစ္ပြားေနမႈတို႔ေၾကာင္း အၾကမ္းဖက္သမား ၁၀ ဦးကို သုႆန္ကို ေခၚၿပီး သတ္ျဖတ္ဖို႔ ဆံုးျဖတ္ခဲ့တယ္လို႔ သက္ေသေတြက ထြက္ဆိုခဲ့ပါတယ္။

ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အထက္ဌာန အဆင့္ဆင့္ကို တင္ျပမႈ မရွိေၾကာင္း ေတြ႔ရတဲ့အတြက္ ျဖစ္စဥ္မွာ တိုက္႐ိုက္ပါဝင္မႈ မရွိေပမယ့္ ကြပ္ကဲဖို႔ တာဝန္ရွိသူေတြကို လိုအပ္သလို ေဖာ္ထုတ္ အေရးယူ ေဆာင္ရြက္မွာ ျဖစ္ၿပီး သတင္းထုတ္ျပန္ေပးမယ္လို႔ တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
………………… ။ ။ …………………..

အင်းဒင် လူသတ်မှု ဖြစ်စဉ်မှာ ကွပ်ကဲဖို့ တာဝန်ရှိသူတွေကိုလည်း အရေးယူမယ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ လူ ၁၀ ဦး သတ်ဖြတ်ထားမှုဟာ ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က ဇန်နဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မနှစ်က စက်တင်ဘာ ၁ ရက်နေ့မှာ ပင်လယ်ကမ်းစပ်ဘက် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် အင်အား ၂၀ဝ က ဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက် သေနတ်မိုးပေါ် ထောင်ဖောက်ပြီး လိုက်လံ ဖမ်းဆီးရာမှာ အကြမ်းဖက်သမား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

လုပ်ထုံးလုပ်နည်းနဲ့ အညီ ရဲစခနး်ကို မအပ်ဘဲ အင်းဒင်နယ်မြေ ရဲစခန်းရှိ ကားနှစ်စီးကို အကြမ်းဖက်သမားတွေက မိုင်းဆွဲတိုက်ခိုက်မှု၊ အဲဒီကာလမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေမှုတို့ကြောင်း အကြမ်းဖက်သမား ၁၀ ဦးကို သုဿန်ကို ခေါ်ပြီး သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သက်သေတွေက ထွက်ဆိုခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထက်ဌာန အဆင့်ဆင့်ကို တင်ပြမှု မရှိကြောင်း တွေ့ရတဲ့အတွက် ဖြစ်စဉ်မှာ တိုက်ရိုက်ပါဝင်မှု မရှိပေမယ့် ကွပ်ကဲဖို့ တာဝန်ရှိသူတွေကို လိုအပ်သလို ဖော်ထုတ် အရေးယူ ဆောင်ရွက်မှာ ဖြစ်ပြီး သတင်းထုတ်ပြန်ပေးမယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)