လူငယ္က႑ ဖြံ႔ၿဖိဳးေရး Yangon Innovation Center ထူေထာင္မယ္

0
2185

လူငယ္က႑ ဖြံ႔ၿဖိဳးေရး၊ စြန္႔ဦးတီထြင္ စီးပြားေရးလုပ္ငန္းေတြ ေပၚထြက္ေရး၊ လူမႈစီးပြား က႑ ဖြဲ႔ၿဖိဳးေ၇းတို႔အတြက္ Yangon Innovation Center ကို ထူေထာင္မွာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕၊ ကမ္းနားလမ္းနဲ႔ ပန္းဆိုးတန္းလမ္းေထာင့္ ဆိပ္ကမ္းဝင္းမွာ ထူေထာင္မယ့္ အဲဒီ စင္တာကို အစိုးရက ပံ့ပိုးျမွင့္တင္ေပးမွာ ျဖစ္ပါတယ္။

ယံုၾကည္အပ္ႏွံမႈ ေကာ္မတီတစ္ရပ္ဖြဲ႔စည္းမွာ ျဖစ္ၿပီး ရန္ကုန္တိုင္း စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီး ဦးျမင့္ေသာင္း၊ လမ္းပန္းဆက္သြယ္ေရး လွ်ပ္စစ္ႏွင့္ စက္မႈဝန္ႀကီး ေဒၚနီလာေက်ာ္၊ ကရင္တိုင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးတို႔ ပါဝင္မွာ ျဖစ္ၿပီး ျပင္ပပညာရွင္အျဖစ္ ေဒါက္တာ ထြန္းသူရသက္၊ ဦးေနေအာင္တို႔ ပါဝင္မွာ ျဖစ္ပါတယ္။
………………… ။ ။ ………………..

လူငယ်ကဏ္ဍ ဖွံ့ဖြိုးရေး Yangon Innovation Center ထူထောင်မယ်

လူငယ်ကဏ္ဍ ဖွံ့ဖြိုးရေး၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေ ပေါ်ထွက်ရေး၊ လူမှုစီးပွား ကဏ္ဍ ဖွဲ့ဖြိုးေ၇းတို့အတွက် Yangon Innovation Center ကို ထူထောင်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့် ဆိပ်ကမ်းဝင်းမှာ ထူထောင်မယ့် အဲဒီ စင်တာကို အစိုးရက ပံ့ပိုးမြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

ယုံကြည်အပ်နှံမှု ကော်မတီတစ်ရပ်ဖွဲ့စည်းမှာ ဖြစ်ပြီး ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်း၊ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဒေါ်နီလာကျော်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးတို့ ပါဝင်မှာ ဖြစ်ပြီး ပြင်ပပညာရှင်အဖြစ် ဒေါက်တာ ထွန်းသူရသက်၊ ဦးနေအောင်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)