ကသာၿမိဳ႕နယ္မွာ ဦးေခါင္းဒဏ္ရာနဲ႔ လင္းပိုင္ အေသတစ္ေကာင္ ေရစီးနဲ႔ ေမ်ာပါလာ

0
672

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္၊ ေအာင္ခ်မ္းသာရြာအနီး ဧရာဝတီ ျမစ္ကမ္း လင္းပိုင္ထိန္းသိမ္းေရး ဧရိယာမွာ ဦးေခါင္းဒဏ္ရာနဲ႔ ေသဆံုးေနတဲ့ လင္းပိုင္ အထီးတစ္ေကာင္ ေရစီးနဲ႔ ေမွ်ာပါလာခဲ့ပါတယ္။

မေန႔က ဇန္နဝါရီ ၁၀ ရက္ေန႔မွာ ေတြ႔ရွိရတဲ့ လင္းပိုင္ဟာ အလ်ား ၇ ေပ၊ လံုးပတ္ ၄ ေပေက်ာ္ရွိပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၇ ရက္ေန႔ကလည္း လင္းပိုင္အေသတစ္ေကာင္ ေမ်ာပါလာခဲ့ပါေသးတယ္။

ငါးလုပ္ငန္း ဦးစီးဌာနနဲ႔ WCS သားငွက္ထိန္းသိမ္းေရးတို႔က ဧရာဝတီ လင္းပိုင္ထိန္းသိမ္းေရး အသိပညာေပး ေဟာေျပာတာေတြ လုပ္ေနပါတယ္။ ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီ စာရင္းအရ မႏၱေလးကေန ဗန္းေမာ္အထိ လင္းပိုင္ ၆၉ ေကာင္ရွိၿပီး ၂၀၁၇ ခုႏွစ္အတြင္း ဧရာဝတီ လင္းပိုင္ ၃ ေကာင္ ေသဆံုးခဲ့ပါတယ္။
………………… ။ ။ ………………….

ကသာမြို့နယ်မှာ ဦးခေါင်းဒဏ်ရာနဲ့ လင်းပိုင် အသေတစ်ကောင် ရေစီးနဲ့ မျောပါလာ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အောင်ချမ်းသာရွာအနီး ဧရာဝတီ မြစ်ကမ်း လင်းပိုင်ထိန်းသိမ်းရေး ဧရိယာမှာ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ လင်းပိုင် အထီးတစ်ကောင် ရေစီးနဲ့ မျှောပါလာခဲ့ပါတယ်။

မနေ့က ဇန်နဝါရီ ၁၀ ရက်နေ့မှာ တွေ့ရှိရတဲ့ လင်းပိုင်ဟာ အလျား ၇ ပေ၊ လုံးပတ် ၄ ပေကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း လင်းပိုင်အသေတစ်ကောင် မျောပါလာခဲ့ပါသေးတယ်။

ငါးလုပ်ငန်း ဦးစီးဌာနနဲ့ WCS သားငှက်ထိန်းသိမ်းရေးတို့က ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောတာတွေ လုပ်နေပါတယ်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ စာရင်းအရ မန္တလေးကနေ ဗန်းမော်အထိ လင်းပိုင် ၆၉ ကောင်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်း ဧရာဝတီ လင်းပိုင် ၃ ကောင် သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)