အင္းဒင္ လူသတ္မႈ ရြာသားနဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြ က်ဴးလြန္ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္

0
491

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာ သုႆန္မွာ သတ္ျဖတ္ျမွဳပ္ႏွံထားတဲ့ အေလာင္း ၁၀ ေလာင္းကိစၥဟာ ရြာသားတခ်ိဳ႕နဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက က်ဴးလြန္ခဲ့တာ ျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔က သတင္းထုတ္ျပန္လိုက္ပါတယ္။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအးဝင္း ဦးေဆာင္တဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔ဟာ မႏွစ္က ဒီဇင္ဘာ ၂၀ ရက္ကေန ၂၀၁၈ ဇန္နဝါရီ ၂ ရက္ေန႔အထိ အခင္းျဖစ္ပြားတဲ့ေနရာကို သြားေရာက္ၿပီး တပ္မေတာ္သား ၂၁ ဦး၊ နယ္ျခားေစာင့္တပ္ဖြဲ႔ဝင္ သံုးဦး၊ အမွတ္ (၈) လံုၿခံဳေရးတပ္ဖြဲ႔ခြဲက တပ္ဖြဲ႔ဝင္ ၁၃ ဦး၊ အင္းဒင္ရြာသား ေျခာက္ဦးနဲ႔ ဌာနဆိုင္ရာ ဝန္ထမ္း ေျခာက္ဦးတို႔ကို စစ္ေဆးခဲ့ပါတယ္။

အင္းဒင္ေက်းရြာ အုပ္စုမွာ လူဦးေရ ၈၄၀ ရွိ တိုင္းရင္းသားရြာ ႏွစ္ရြာနဲ႔ လူဦးေရ ၆၀၀၀ ရွိ ဘဂၤါလီရြာ သံုးရြာရွိေၾကာင္း၊ အင္းဒင္ရြာသား ဦးေမာင္နီကို အၾကမ္းဖက္သမားေတြက ဖမ္းဆီးသတ္ျဖတ္ၿပီး တိုင္းရင္းသားရြာကို တုတ္၊ ဓားေတြနဲ႔ ဝိုင္းဝန္းၿခိမ္းေျခာက္ၾကေၾကာင္း၊ စက္တင္ဘာ ၁ ရက္ေန႔မွာ နယ္ေျမရွင္းလင္းစဥ္ အၾကမ္းဖက္သမားေတြ တိုက္ခိုက္မႈမွာ အၾကမ္းဖက္သမား ၁၀ ဦးကို ဖမ္းမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဖမ္းမိတဲ့ အၾကမ္းဖက္သမား ၁၀ ဦးကို လုပ္ထံုးလုပ္နည္းနဲ႔ အညီ ရဲစခန္းကို မအပ္ဘဲ သုႆန္မွာ သတ္ျဖတ္ခဲ့ေၾကာင္း၊ က်ဴးလြန္တဲ့ ရြာသားေတြနဲ႔ ထိေတြ႔တိုက္ခိုက္မႈ စည္းမ်ဥ္းမ်ား (Rules of Engagement) ေတြ ခ်ိဳးေဖာက္တဲ့ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြကို ဥပေဒနဲ႔ အေရးယူမွာ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

…………………. ။ ။ …………………….

အင်းဒင် လူသတ်မှု ရွာသားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်ကြောင်း တပ်မတော် သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ သုဿန်မှာ သတ်ဖြတ်မြှုပ်နှံထားတဲ့ အလောင်း ၁၀ လောင်းကိစ္စဟာ ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မနှစ်က ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၀၁၈ ဇန်နဝါရီ ၂ ရက်နေ့အထိ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ပြီး တပ်မတော်သား ၂၁ ဦး၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးဦး၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲက တပ်ဖွဲ့ဝင် ၁၃ ဦး၊ အင်းဒင်ရွာသား ခြောက်ဦးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်း ခြောက်ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။

အင်းဒင်ကျေးရွာ အုပ်စုမှာ လူဦးရေ ၈၄၀ ရှိ တိုင်းရင်းသားရွာ နှစ်ရွာနဲ့ လူဦးရေ ၆၀ဝ၀ ရှိ ဘင်္ဂါလီရွာ သုံးရွာရှိကြောင်း၊ အင်းဒင်ရွာသား ဦးမောင်နီကို အကြမ်းဖက်သမားတွေက ဖမ်းဆီးသတ်ဖြတ်ပြီး တိုင်းရင်းသားရွာကို တုတ်၊ ဓားတွေနဲ့ ဝိုင်းဝန်းခြိမ်းခြောက်ကြကြောင်း၊ စက်တင်ဘာ ၁ ရက်နေ့မှာ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုမှာ အကြမ်းဖက်သမား ၁၀ ဦးကို ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းမိတဲ့ အကြမ်းဖက်သမား ၁၀ ဦးကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ရဲစခန်းကို မအပ်ဘဲ သုဿန်မှာ သတ်ဖြတ်ခဲ့ကြောင်း၊ ကျူးလွန်တဲ့ ရွာသားတွေနဲ့ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) တွေ ချိုးဖောက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့ အရေးယူမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)