မွတ်စလင်ကျေးရွာတွေကို တပ်မတော်ကသာ အမှန်တကယ် မီးရှို့ဖျက်ဆီးခဲ့မယ်ဆိုရင် တစ်ရွာမှ ကျန်မှာ မဟုတ်ဟုဆို

0
2050

ရခိုင်ပြည်နယ်ထဲက မွတ်စလင်ကျေးရွာတွေကို တပ်မတော်ကသာ အမှန်တကယ် မီးရှို့ဖျက်စီးခဲ့မယ်ဆိုရင် တစ်ရွာမှ ကျန်မှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဘုန်းတင့်က ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီလိုပြောကြားရာမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှု ပဋိပက္ခတွေအတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကြောင့် မွတ်စလင်တွေ အကြောက်တရားနဲ့ နေအိမ်တွေကို မီးရှို့ထွက်ပြေးသွားကြတာ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)