နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင် ဘင်္ဂါလီအရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ဒီနေ့ သွားမယ်

0
284

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေံရှ်နိုင်ငံမှာ ထိပ်တန်းအဆင့် ဆွေးနွေးပွဲလုပ်ဖို့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်ကို အထူးသံတမန်အဖြစ် စေလွှတ်သွားဖို့ ရှိနေပါတယ်။

rakhine

နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦကျော်တင်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖွယ်ရှိပြီး ခရီးစဉ်ဟာ သုံးရက်ကြာမြင့်နိုင်ခြေရှိပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ သက်တမ်းကိုးလအတွင်း စိန်ခေါ်မှုအများကြီး ကိစ္စတစ်ရပ်ဖြစ်ပြီး ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးများအဆင့် အရေးကြီးအစည်းအဝေးတစ်ရပ်ကိုလည်း ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က မောင်တောဒေသမှာ နယ်ခြားစောင့်စခန်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ခံခဲ့ရပြီးနောက်မှာ ရခိုင်ပြည်နယ်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေတည်ငြိမ်းအေးချမ်းရေးတွေ လုပ်ဆောင်ပြီး အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ သူတွေကို ဖမ်းဆီးတာမျိုးတွေ လုပ်နေတဲ့အပေါ် ဝေဖန်စွပ်စွဲမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)