ဘဂၤါလီ မြတ္စလင္ေတြကို ေနရာခ်ထားတာ ဆႏၵအရသာ ျဖစ္ေစဖို႔ တိုက္တြန္း

0
271

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက ဘဂၤါလီ မြတ္စလင္ေတြကို ဘာရွန္ခ်ားကြ်န္းေပၚ ေျပာင္းေရႊ႕ေနရာခ်မႈဟာ သူတို႔ ဆႏၵအေလ်ာက္သာ ျဖစ္ဖို႔လိုေၾကာင္း UNHCR လက္ေထာက္ မဟာမင္းႀကီးက တိုက္တြန္းခဲ့ပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) လက္ေထာက္ မဟာမင္းႀကီး ေဗာ္လ္ကာ တာ့ခ္က အခုလို တိုက္တြန္းလိုက္တာပါ။ အလားတူ ရခိုင္ျပည္နယ္ကို ဒုကၡသည္ေတြ ေနရပ္ျပန္မယ္ ဆိုရင္လည္း လံုၿခံဳၿပီး ဂုဏ္သိကၡာနဲ႔အညီ ဆႏၵအေလ်ာက္သာ ျဖစ္ဖို႔လိုေၾကာင္းလည္း မတ္လ ၂၁ ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာၿမိဳ႕မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

မစၥတာ တာ့ခ္ဟာ ဘဂၤလားေဒ့ရွ္ကို ငါးရက္ၾကာခရီး သြားေရာက္ၿပီး ဒုကၡသည္ေတြ၊ ဘဂၤလားေဒ့ရွ္ အစိုးရ အရာရွိေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။ မစၥတာ တာ့ခ္ဟာ ျမန္မာႏိုင္ငံကို ၂၀၁၇ ခုႏွစ္တုန္းကလည္း လာေရာက္ခဲ့ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ မွတ်စလင်တွေကို နေရာချထားတာ ဆန္ဒအရသာ ဖြစ်စေဖို့ တိုက်တွန်း

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဘင်္ဂါလီ မွတ်စလင်တွေကို ဘာရှန်ချားကျွန်းပေါ် ပြောင်းရွှေ့နေရာချမှုဟာ သူတို့ ဆန္ဒအလျောက်သာ ဖြစ်ဖို့လိုကြောင်း UNHCR လက်ထောက် မဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်ထောက် မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က အခုလို တိုက်တွန်းလိုက်တာပါ။ အလားတူ ရခိုင်ပြည်နယ်ကို ဒုက္ခသည်တွေ နေရပ်ပြန်မယ် ဆိုရင်လည်း လုံခြုံပြီး ဂုဏ်သိက္ခာနဲ့အညီ ဆန္ဒအလျောက်သာ ဖြစ်ဖို့လိုကြောင်းလည်း မတ်လ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မစ္စတာ တာ့ခ်ဟာ ဘင်္ဂလားဒေ့ရှ်ကို ငါးရက်ကြာခရီး သွားရောက်ပြီး ဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မစ္စတာ တာ့ခ်ဟာ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်တုန်းကလည်း လာရောက်ခဲ့ဖူးပါတယ်။