ေကာ္မရွင္ကုိ ဖ်က္သိမ္းတာ ေကာင္းမြန္တဲ့ အေျခအေနျဖစ္တယ္လုိ႔ ဦးေရႊမန္းေျပာ

0
605

ဥပေဒေရးရာနဲ႕ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္မရွင္ကုိ ဖ်က္သိမ္းလုိက္တာဟာ ကုိယ္ယုံၾကည္ခ်က္နဲ႔ ကုိယ္ရဲ႕နုိင္ငံေရးဆႏၵကုိ လြတ္လြတ္ကင္းကင္းေဆာင္႐ြက္ႏိုင္တာ ေကာင္းမြန္တဲ့ အေျခအေနျဖစ္တယ္လုိ႔ ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ  UBP ပါတီ ေခါင္းေဆာင္ သူရဦးေရႊမန္းက RFA ရဲ႕ေတြ႔ဆုံေမးျမန္းခန္းမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ အမ်ားေကာင္းက်ဳိးအတြက္ ဘယ္ပါတီ၊ ဘယ္ပုဂၢိဳလ္၊ ဘယ္အဖဲ႔ြအစည္းနဲ႔မဆုိ ညွိႏႈိင္း ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းကုိလည္း ထည့္သြင္းေျဖၾကားခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ားေလ့လာဆန္းစစ္ သံုးသပ္ေရး ေကာ္မရွင္ကို (၂၀၁၆)ခုႏွစ္ မတ္လ (၁) ရက္က စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး တစ္ႏွစ္တစ္ႀကိမ္ သက္တမ္းတိုးခဲ့တာ ျဖစ္ပါတယ္။

သူရဦးေရႊမန္း ဥကၠဌ အျဖစ္တာဝန္ယူေနတဲ့  ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ ေရးေကာ္မရွင္ကို သက္တမ္းတိုးျမႇင့္ေရးနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၂၈ ရက္ေန႔က  ျပည္ေထာင္စုလႊတ္ေတာ္ မွာ ၁ ႏွစ္ သက္တမ္းတိုးျခင္းကို အတည္ျပဳရာမွာ ေထာက္ခံသူ ၂၀၊ ကန္႔ကြက္သူ ၅၅၅ ဦး၊ ၾကားေနသူ ၁၀ ဦး ရွိတာေၾကာင့္ သက္တမ္း မတိုးေတာ့ေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ေၾကညာခဲ့တာျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကော်မရှင်ကို ဖျက်သိမ်းတာ ကောင်းမွန်တဲ့ အခြေအနေဖြစ်တယ်လို့ ဦးရွှေမန်းပြော

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ဖျက်သိမ်းလိုက်တာဟာ ကိုယ်ယုံကြည်ချက်နဲ့ ကိုယ်ရဲ့နိုင်ငံရေးဆန္ဒကို လွတ်လွတ်ကင်းကင်းဆောင်ရွက်နိုင်တာ ကောင်းမွန်တဲ့ အခြေအနေဖြစ်တယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ  UBP ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက RFA ရဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အများကောင်းကျိုးအတွက် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းနဲ့မဆို ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖြေကြားခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို (၂၀၁၆)ခုနှစ် မတ်လ (၁) ရက်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

သူရဦးရွှေမန်း ဥက္ကဌ အဖြစ်တာဝန်ယူနေတဲ့  ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်ကို သက်တမ်းတိုးမြှင့်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က  ပြည်ထောင်စုလွှတ်တော် မှာ ၁ နှစ် သက်တမ်းတိုးခြင်းကို အတည်ပြုရာမှာ ထောက်ခံသူ ၂၀၊ ကန့်ကွက်သူ ၅၅၅ ဦး၊ ကြားနေသူ ၁၀ ဦး ရှိတာကြောင့် သက်တမ်း မတိုးတော့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့တာဖြစ်ပါတယ်။