ခ်င္းဒုကၡသည္ေတြကုိ UNHCR က ကဒ္အသစ္ေတြ ျပန္လည္ထုတ္ေပးမယ္

0
206

ႏုိင္ငံျခားေရာက္ ခ်င္းဒုကၡသည္ေတြကုိ UNHCR က ကဒ္အသစ္ ေတြျပန္လည္ ထုတ္ေပးသြား မွာျဖစ္ေၾကာင္း မတ္လ ၁၅ရက္ေန႔က  ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

၂၀၂၀ခုႏွစ္ကစတင္ၿပီးမေလးရွား၊ အိႏိၵယ ၊ထုိင္းနဲ႔နီေပါနိုင္ငံေတြမွာ ေနထုိင္ၾကတဲ့ ခ်င္းဒုကၡသည္ေတြကုိ  ၂၀၁၈ခုႏွစ္ ဇြန္လမွာ UNHCR က ဒုကၡသည္အျဖစ္က ပယ္ဖ်က္ခဲ့ေၾကာင္း ေၾကညာခဲ့တာ ျဖစ္ပါတယ္ ။

၂၀၁၈ခုႏွစ္ခုနွစ္အတြင္း ခ်င္းျပည္နယ္နဲ႔စစ္ကိုင္းတုိင္းေဒသႀကီးအတြင္း UNHCR   က ကြင္းဆင္း လ့လာမႈေတြျပဳလုပ္ခဲ့ၿပီး ခ်င္းျပည္နယ္ေတာင္ပိုင္းမွာ အေျခအေနဆုိးရြားမႈ ေတြ ရွိေနတာေၾကာင့္   အုိးအိမ္စြန္႔ခြာထြက္ေျပးမႈေတြရွိေနတာေၾကာင့္ ခ်င္းဒုကၡသည္ေတြကုိ နုိင္ငံတကာ ကဆက္လက္ အကာအကြယ္ေပးဖုိ႔ အခုလို ကဒ္အသစ္ေတြ ျပန္လည္ထုတ္ေပးမွာ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချင်းဒုက္ခသည်တွေကို UNHCR က ကဒ်အသစ်တွေ ပြန်လည်ထုတ်ပေးမယ်

နိုင်ငံခြားရောက် ချင်းဒုက္ခသည်တွေကို UNHCR က ကဒ်အသစ် တွေပြန်လည် ထုတ်ပေးသွား မှာဖြစ်ကြောင်း မတ်လ ၁၅ရက်နေ့က  ထုတ်ပြန်ကြေညာခဲ့ပါတယ် ။

၂၀၂၀ခုနှစ်ကစတင်ပြီးမလေးရှား၊ အိန္ဒိယ ၊ထိုင်းနဲ့နီပေါနိုင်ငံတွေမှာ နေထိုင်ကြတဲ့ ချင်းဒုက္ခသည်တွေကို  ၂၀၁၈ခုနှစ် ဇွန်လမှာ UNHCR က ဒုက္ခသည်အဖြစ်က ပယ်ဖျက်ခဲ့ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ် ။

၂၀၁၈ခုနှစ်ခုနှစ်အတွင်း ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းဒေသကြီးအတွင်း UNHCR   က ကွင်းဆင်း လ့လာမှုတွေပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်တောင်ပိုင်းမှာ အခြေအနေဆိုးရွားမှု တွေ ရှိနေတာကြောင့်   အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေရှိနေတာကြောင့် ချင်းဒုက္ခသည်တွေကို နိုင်ငံတကာ ကဆက်လက် အကာအကွယ်ပေးဖို့ အခုလို ကဒ်အသစ်တွေ ပြန်လည်ထုတ်ပေးမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။