0
249
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဘဂါင်္လီအရေး မြန်မာဘက်က တာဝန်ရှိသူတွေအရေးယူဖို့ ICC တိုက်တွန်း
မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး သဘောတူစာချုပ်မှာ ICC ကိုလက်မှတ်ရေးထိုးမထားပေမယ့် သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဘယ်လိုမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ICC ပြောရေးဆိုခွင့်ရှိသူ Phakiso Mochochoko ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘဂါင်္လီ ဒုက္ခသည်စခန်းတွေကို ICC ရှေ့နေချုပ်ရုံး ကိုယ်စားလှယ်အဖွဲ့ ပြီးခဲ့တဲ့ မတ်လ (၅)ရက်နေ့က ပထမဆုံးအကြိမ် စတင် သွားရောက်လေ့လာကြည့်ရှုခဲ့ပြီးနောက် မတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ပြုလုပ်တဲ့ ICC သတင်းစာရှင်းလင်းပွဲမှာ ICCပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့တာပါ။
ဒါအ့ပြင် အခုကိစ္စဟာ တဦးချင်း တာဝန်ရှိမှုကိစ္စ ဖြစ်ပြီး၊ ရာဇဝတ်မှုတွေ ကျူးလွန်အောင် ညွန်ကြားခဲ့သူ၊ အမိန့်ပေးခဲ့သူ၊ ဆောင်ရွက်ခဲ့သူအားလုံးဟာ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြောင်း RFA သတင်းမှာဖော်ပြထားပါတယ်။