တပ္မေတာ္ ညႇိႏႈိင္း အဖဲြ႕နဲ႔ (RCSS) ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္ အဖဲြ႕တို႔ ေတြ႕ဆံု ေဆြးေႏြး

0
433

တပ္မေတာ္ ညႇိႏႈိင္း ေဆြးေႏြးေရးအဖဲြ႕နဲ႔ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး ကိုယ္စားလွယ္ အဖဲြ႕တုိ႔ဟာ မတ္လ ၁၂ရက္ေန႔က ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္၊ ေပါင္းေလာင္းရိပ္သာမွာ ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။

ေတြ႔ဆုံေဆြးေႏြးရာမွာ တပ္မေတာ္၊ RCSS/SSA နဲ႔ SSPP/SSA အဖဲြ႕တုိ႔ သံုးပြင့္ဆုိင္ ေဆြးေႏြးေရး ဆုိင္ရာ ကိစၥရပ္ေတြ၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)မွာ ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြ ေလွ်ာ့ခ်ေရးနဲ႔ ပဋိပကၡျဖစ္စဥ္ေတြ ေလွ်ာ့ခ်ႏုိင္ေရး ဆုိင္ရာ ကိစၥရပ္ေတြ၊ တုိက္ပြဲေရွာင္ ျပည္သူလူထု (IDP) ေတြ မူရင္းေနရပ္ကုိ ျပန္လည္ ပို႔ေဆာင္ေရးဆုိင္ရာ ကိစၥရပ္စတာေတြ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါ့အျပင္ NCA လမ္းေၾကာင္း အေကာင္အထည္ေဖာ္မႈမွာ နားလည္မႈ လြဲမွားေနတဲ့ သေဘာထား အျမင္ေတြကုိ လိုအပ္ခ်က္ အေပၚမူတည္ၿပီး ေတြ႕ဆံုေဆြးေႏြးေရးဆုိင္ရာ ကိစၥရပ္ေတြနဲ႔ အေရးေပၚဆက္သြယ္ႏုိင္မယ့္ လမ္းေၾကာင္းသတ္မွတ္ ေဆာင္ရြက္ေရးတုိ႔ကုိ အျပန္အလွန္ ေဆြးေႏြးခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော် ညှိနှိုင်း အဖွဲ့နဲ့ (RCSS) ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး

တပ်မတော် ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ မတ်လ ၁၂ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ တပ်မတော်၊ RCSS/SSA နဲ့ SSPP/SSA အဖွဲ့တို့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျှော့ချရေးနဲ့ ပဋိပက္ခဖြစ်စဉ်တွေ လျှော့ချနိုင်ရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ တိုက်ပွဲရှောင် ပြည်သူလူထု (IDP) တွေ မူရင်းနေရပ်ကို ပြန်လည် ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် NCA လမ်းကြောင်း အကောင်အထည်ဖော်မှုမှာ နားလည်မှု လွဲမှားနေတဲ့ သဘောထား အမြင်တွေကို လိုအပ်ချက် အပေါ်မူတည်ပြီး တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အရေးပေါ်ဆက်သွယ်နိုင်မယ့် လမ်းကြောင်းသတ်မှတ် ဆောင်ရွက်ရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။