အခြေခံအလုပ်သမားတွေ အလုပ်ကို အာမခံထားပြီး တိုက်ခန်းဝယ်နိုင်တော့မယ်

0
268

အခြေခံအလုပ်သမားတွေ အိမ်ရာပိုင်ဆိုင်ဖို့အတွက် ပြည်သူ့အိမ်ရာစီမံကိန်းကို လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့မှာ ပြုလုပ်တဲ့ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အစည်းအဝေးမှာ အဲဒီလိုပြောကြားလိုက်တာပါ။

phyo-still002

အနည်းဆုံးလုပ်ခလစာ တစ်နေ့ ကျပ် ၃၆၀၀ ရရှိနေတဲ့ အခြေခံအလုပ်သမားတွေအနေနဲ့ အိမ်ရာဝယ်ယူဖို့ တစ်လုံးတစ်ခဲတည်းငွေပေးချေ နိုင်မှမဟုတ်တဲ့အတွက် သူတို့ရဲ့အလုပ်ကို အာမခံအနေနဲ့ထားပြီး အိမ်ရာဝယ်ယူခွင့်ရစေမယ်လို့ ၀န်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

ဒီလိုပြည်သူ့အိမ်ရာစီမံကိန်း ၂၀ လောက် ဆောက်လုပ်သွားမှာဖြစ်ပြီး အဲဒီအိမ်ရာစီမံကိန်းတွေကို စီးပွားရေးအရ တွက်ခြေကိုက်အောင် ပြုလုပ်မှာဖြစ်သလို အလုပ်သမားတွေအတွက် နေချင်စဖွယ်ပတ်ဝန်းကျင်ကောင်း တွေလည်း ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)