မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် ပွဲတော် ကျင်းပမယ်

0
298

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် ပွဲတော်ကျင်းပရေး အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိမြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစည်းအဝေးခန်းမမှာပြုလုပ်ခဲ့ပါတယ်။

film2

အဲဒီအစည်းအဝေးမှာပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တ ပတ်ပွဲတော် အထိမ်းအမှတ်ရုပ်ရှင်ဇာတ်ကားတွေနဲ့ဇာတ်လမ်းတွဲတွေရိုက်ကူးပြသနိုင်ရေးနဲ့ပတ်သက်ပြီးပြောကြားပါတယ်။

မြန်မာ့ဒီမိုကရေစီရုပ်ရှင်ရက်သတ္တပတ်ပွဲတော်အတွက်ရုပ်ရှင်ဇာတ်ကားကြီးခုနစ်ကားနဲ့ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေ ရိုက်ကူးရေး၊ မြန်မာ နိုင်ငံရှိ ရုပ်ရှင်ရုံတွေမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ရုပ်ရှင်ပြသ နိုင်ရေးတို့နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)