10-D နိုဘယ်ငြိမ်းချမ်းရေး ကျောင်းသားလူငယ် လှုပ်ရှားမှု ငွေရတု အခမ်းအနား ပြုလုပ်

0
283

10-D နိုဘယ်ငြိမ်းချမ်းရေး ကျောင်းသားလူငယ်လှုပ်ရှားမှု ငွေရတုအခမ်းအနားကို ဒီနေ့မွန်းလွဲပိုင်းက ဗဟန်းမြို့နယ်မှာ ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြူလုပ်ခဲ့ပါတယ်။

15423586_1026910717435942_282538977_n

အဲဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ နိုင်ရေးအကျဉ်းသားများ၊ 10-D ကျေင်းသားလူငယ် တွေထဲက ဦးဆောင်သူအသီးသီးက 10-D လှုပ်ရှားခဲ့မှုနဲ့ ပတ်သက်ပြီး အမှတ်တရစကား အသီးသီးပြောကြခဲ့ကြပါတယ်။

10-Dနိုဘယ်ငြိမ်းချမ်းရေး ကျောင်းသားလူလှုပ်ရှားမှုဟာ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ စစ်အစိုးရက ထိန်းချူပ်ထားစဉ်က ငြိမ်းချမ်းနိုဘယ်ဆု ချီးမြှင့်ခံရတဲ့ အပေါ်မှာ ကျေင်းသားတွေက ထောက်ခံဆန္ဒပြခဲ့ကြတဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)