ပညာရေးဝန်ကြီးဌာနက မေးခွန်းများလုံခြုံမှုရှိဖို့ အိမ်သာအရွယ် အခန်းတွေ ကျောင်းတွေကို ဆောက်လုပ်ခိုင်း

0
325

စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာစစ်ဌာနရှိတဲ့ မြို့နယ်တိုင်းကို မေးခွန်းလုံခြုံစွာထားရှိဖို့အတွက် အိမ်သာအရွယ်အစား ရှိတဲ့ အခန်းတွေကို ပညာရေး ၀န်ကြီးဌာနက ဆောက်လုပ်ခိုင်းခဲ့ပါတယ်။

15492055_250053312080451_2940279075456549646_n

အဲဒီမေးခွန်းရုံတွေကို ကျောင်းရုံးခန်းဘေးမှာ သီးသန့်ဆောက်လုပ်ခိုင်းတာဖြစ်ပြီး အဲဒီအခန်းဆောက်လုပ်ဖို့အတွက် တစ်ခန်းကို ငွေကျပ်ငါးသိန်းစီ ချထားပေးခဲ့တာဖြစ်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက သူ့ရဲ့မဲဆန္ဒနယ်မြို့နယ် ဖြစ်တဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း လစဉ်အစည်းအဝေးပြုလုပ်စဉ် မြို့နယ်ပညာရေးမှူးက တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပြုလုပ်မယ့်အစား မေးခွန်းတွေကို ကျောင်းအုပ်ကြီးရုံးခန်းမှာထားဖို့ မီးခံသေတ္တာဝယ်ပေးရမှာ ဖြစ်ပြီး အိမ်သာအရွယ်ရှိတဲ့ မေးခွန်းရုံတွေက လုံခြုံမှုဘယ်လောက်ရှိမလဲလို့ ဒေါ်စန္ဒမင်းက မေးခွန်းထုတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)