မြေသိမ်းခံ တောင်သူတွေ သီးနှံလျော်ကြေးရဖို့ အစိုးရပေါ် မူတည်နေ

0
281

လက်ပံတောင်းတောင် စီမံကိန်းကြောင့် မြေသိမ်းခံခဲ့ရတဲ့ တောင်သူတွေကို နှစ်နှစ်စာ သီးနှံလျော်ကြေးငွေ ပေးသင့်မပေးသင့် အစိုးရကို တင်ပြပြီးမှ ဆုံးဖြတ်သွားမယ်လို့ မြန်မာဝမ်ပေါင်ကုမ္ပဏီက ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

wanbao3

လက်ပံတောင်းတောင်ဒေသက မြေသိမ်းခံတောင်သူတွေနဲ့ ဝမ်ပေါင် ဦးပိုင်ကုမ္ပဏီတို့ ဒီကနေ့ ဆည်တည်း ဇီးတောရွာက ဆက်ဆံရေးရုံးမှာ ဆွေးနွေးခဲ့ချိန်မှာ ကုမ္ပဏီဘက်က အဲဒီလို ပြောကြားခဲ့တာပါ။

wanbao4

မြေသိမ်းခံတောင်သူတွေဘက်က သီးနှံလျော်ကြေးအဖြစ် နှစ်နှစ်စာအတွက် တစ်ဧကကို ငွေ ကျပ် ၇ သိန်းပေးဖို့ တောင်းဆိုနေတာဖြစ်ပြီး ကုမ္ပဏီဘက်ကတော့မြေယာလျော်ကြေးကိုသာ ယူစေချင်နေတာ ဖြစ်ပါတယ်။

wanbao8

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေသိမ်းခံတောင်သူတွေဟာ ၂၀၁၅ နဲ့ ၂၀၁၆ နှစ်နှစ်လုံးမှာ သီးနှံမစိုက်ခဲ့ရတဲ့အတွက် ခုလို သီးနှံလျော်ကြေးငွေတောင်းဆိုနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေကတော့ ၂၀၁၄ ခုနှစ်မှာ ကြေးနီးစီမံကိန်းကို ခြံစည်းရိုးခတ်ခဲ့တာက အရင်အစိုးရရဲ့ ခွင့်ပြုချက်ယူပြီးမှ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဝမ်ပေါင်-ဦးပိုင်-အစိုးရတို့က ဒီကြေးနီစီမံကိန်းကို ပူးပေါင်းပြီးလုပ်ဆောင်တဲ့ အကျိုးအမြတ် ခွဲဝေမှုနဲ့ပတ်သက်ပြီး MCN သတင်းဌာနက မေးမြန်းခဲ့ပေမဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကတော ဖြေကြားခဲ့ခြင်းမရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)