တတိယအကြိမ်မြောက် သတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲ ပြုလုပ်

0
288

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကြီးမှူးကျင်းပတဲ့ တတိယအကြိမ်မြောက် သတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

journalists3

အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တက်ရောက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသီဟစောက ကန်တော့ပွဲကျင်းပရတဲ့အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

journalists2

အဲဒီအခမ်းအနားမှာ သတင်းစာပညာရှင်ကြီးတွေနဲ့ မိတ်ဆက်ပေးပြီးနောက်မှာ ပူဇော်ကန်တော့ပြီး အလှူငွေအသီးသီးကို ပေးအပ်လှူဒါန်းခဲ့ကာ ဝါရင့် သက်ကြီးသတင်းစာပညာရှင် ဟံသာဝတီ ဦးအုန်းကြိုင်က ကျေးဇူးတင်စကား ပြောကြားပြီးနောက်မှာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။

တတိယအကြိမ်မြောက် သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အသက် ၇၅ နှစ်နဲ့အထက် ကန်တော့ခံ ဝါရင့်သတင်းစာပညာရှင် ၁၂၀ ဦးထဲက အယောက် ၉၀ တက်ရောက်ခဲ့ပြီး မတက်ရော်ကနိုင်တဲ့ ကျန် ၂၉ ယောက်ကို အိမ်တိုင်ရာရောက် လိုက်လံကန်တော့သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)