ပုဂံဘုရားတွေ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ရန် ဒုတိယသမ္မတ မှာကြား

0
324

ငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံက ဘုရားစေတီတွေကို ပြုပြင်ရာမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောဆိုလိုက်ပါတယ်။

15318025_1164981226882945_770410345904297798_n

ဒီဇင် ဘာလ ၉ ရက်နေ့က ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ရောက်ရှိစဉ်မှာ အဲဒီလိုပြောဆိုလိုက်တာပါ။ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ ဘုရားစေတီတွေကို ပြန်လည်ပြုပြင်ရာမှာ နိုင်ငံတကာပညာရှင်တွေနဲ့ ယူနက်စကိုက ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို ရယူပြီး အလေးထားဆောင်ရွက်ဖို့လည်း မှာကြားခဲ့တာပါ။

ဒီလိုဆောင်ရွက်ရာမှာ အသုံးစရိတ်တွေကို စနစ်တကျ စာရင်းဇယားပြုစုပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ထားဖို့လည်း
မှာကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)