လူငယ္ေတြအေနနဲ႔ အတတ္ပညာနဲ႔ သက္ဆုိင္တဲ့ အသက္ေမြးပညာ တတ္ဖုိ႔ လုိအပ္ (႐ုပ္/သံ)

0
565

လူငယ္ေတြအေနနဲ႔ အသိပညာအျပင္၊ အတတ္ပညာနဲ႔ သက္ဆိုင္တဲ႔ အသက္ေမြးပညာေတြ တတ္ေျမာက္ဖို႔ လိုအပ္လို႔ ပညာေရးဝန္ႀကီးက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ပညာေရးစနစ္ျပဳျပင္ေျပာင္းလဲဖို႔အတြက္ အေျခခံပညာေက်ာင္းေတြကတဆင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနသလို အမ်ိဳးသားပညာေရးဥပေဒကို ျပ႒ာန္းကာ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။

အဲ့ဒီလို ပညာေရးစနစ္ျပဳျပင္ေျပာင္းလဲရာမွာ လူငယ္ေတြအေနနဲ႔ အသိပညာအျပင္၊ အတတ္ပညာနဲ႔ သက္ဆိုင္တဲ႔ အသက္ေမြးပညာေတြကိုပါ တတ္ေျမာက္ဖို႔လိုတယ္လို႔ ႏိုဝင္ဘာလ ၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ လႈိင္ၿမိဳ႕နယ္ရွိ သက္ေမြးမႈနည္းပညာ သင္တန္းေက်ာင္းဖြင့္ပြဲမွာ ပညာေရးဝန္ႀကီးဌာနက ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိန္းႀကီးက ေျပာဆိုခဲ့တာပါ။

Soundbite ေဒါက္တာမ်ိဳးသိန္းႀကီး (ျပည္ေထာင္စု၀န္ႀကီး) ပညာေရးဝန္ႀကီးဌာန

ဒါ့အျပင္ ႏိုင္ငံအတြင္းမွာ သက္ေမြးမႈ နည္းပညာသင္တန္းေက်ာင္းေတြ ဖြင့္လွစ္ႏိုင္ဖို႔ လိုအပ္ေနၿပီး ေက်ာင္းသူ၊ ေက်ာင္းသားေတြနဲ႔ ေက်ာင္းသားမိဘေတြကလည္း ပူးေပါင္းပါဝင္ေဆာင္ရြက္ေပးၾကဖို႔ ပညာေရးဝန္ႀကီးက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

Soundbite ေဒါက္တာမ်ိဳးသိန္းႀကီး (ျပည္ေထာင္စုဝန္ႀကီး) ပညာေရးဝန္ႀကီးဌာန

လက္ရွိမွာ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ပညာေရးဝန္ႀကီးဌာန၊ စက္မႈဝန္ႀကီးဌာနနဲ႔ အလုပ္သမားဝန္ႀကီးဌာနကေနတဆင့္ ဘြဲ႕မရရွိေသးတဲ႔ လူငယ္ေတြကုိ အလုပ္အကုိင္ရရွိေစဖုိ႔ သင္တန္းေတြ ပို႔ခ်ေပးေနတာျဖစ္ၿပီး အေျခခံ ပညာေက်ာင္းေတြမွာလည္း သက္ေမြးမႈ ဆိုင္ရာ ဘာသာရပ္ေတြကို ထည့္သြင္း သင္ၾကားေပးဖို႔ ေက်ာင္းသားမိဘေတြက ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္ခင္ဗာ်း။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေအနေနဲ့ အတတ်ပညာနဲ့ သက်ဆိုင်တဲ့ အသက်မွေးပညာ တတ်ဖို့ လိုအပ်

လူငယ်တွေအနေနဲ့ အသိပညာအပြင်၊ အတတ်ပညာနဲ့ သက်ဆိုင်တဲ့ အသက်မွေးပညာတွေ တတ်မြောက်ဖို့ လိုအပ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့အတွက် အခြေခံပညာကျောင်းတွေကတဆင့် အကောင်အထည်ဖော် ဆောင်ရွက်နေသလို အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းကာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီလို ပညာရေးစနစ်ပြုပြင်ပြောင်းလဲရာမှာ လူငယ်တွေအနေနဲ့ အသိပညာအပြင်၊ အတတ်ပညာနဲ့ သက်ဆိုင်တဲ့ အသက်မွေးပညာတွေကိုပါ တတ်မြောက်ဖို့လိုတယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သက်မွေးမှုနည်းပညာ သင်တန်းကျောင်းဖွင့်ပွဲမှာ ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောဆိုခဲ့တာပါ။

Soundbite ဒေါက်တာမျိုးသိန်းကြီး (ပြည်ထောင်စုဝန်ကြီး) ပညာရေးဝန်ကြီးဌာန

ဒါ့အပြင် နိုင်ငံအတွင်းမှာ သက်မွေးမှု နည်းပညာသင်တန်းကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ လိုအပ်နေပြီး ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ ပညာရေးဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Soundbite ဒေါက်တာမျိုးသိန်းကြီး (ပြည်ထောင်စုဝန်ကြီး) ပညာရေးဝန်ကြီးဌာန

လက်ရှိမှာ နိုင်ငံတော်အစိုးရအနေနဲ့ ပညာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနကနေတဆင့် ဘွဲ့မရရှိသေးတဲ့ လူငယ်တွေကို အလုပ်အကိုင်ရရှိစေဖို့ သင်တန်းတွေ ပို့ချပေးနေတာဖြစ်ပြီး အခြေခံ ပညာကျောင်းတွေမှာလည်း သက်မွေးမှု ဆိုင်ရာ ဘာသာရပ်တွေကို ထည့်သွင်း သင်ကြားပေးဖို့ ကျောင်းသားမိဘတွေက မျှော်လင့်နေကြတာဖြစ်ပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)