
0
694




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် IOM တို့ ပူးပေါင်းပြီး ဆန်အိတ် ၂၀ဝ လှူဒါန်း

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ ပူးပေါင်းပြီး ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့ သံဃရာဇာ ဘုန်းတော်ကြီး ကျောင်းတိုက်မှာ ပညာသင်ကြားနေကြတဲ့ ရင်ခွင်ရိပ် အခမဲ့ပရဟိတ ပညာသင်ကျောင်းက ကျောင်းသား၊ ကျောင်းသူများ အတွက် ဆန်အိတ် ၂၀ဝ လှူဒါန်းခဲ့ကြပါတယ်။

အဲဒီ ဆန်အိတ် ၂၀ဝ ကို သံဃရာဇာဘုန်းတော်ကြီးကျောင်းတိုက်မှာ IOM အဖွဲ့က Programme Manager Mr. Konrad Peterclos က ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ခံ ဆရာမ နဲ့ ကျောင်းသား၊ ကျောင်းသူတွေက လက်ခံရယူခဲ့ကြပါတယ်။

အဲဒီ သံဃရာဇာဘုန်းတော်ကြီးကျောင်းမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ပညာသင်ကြားဖို့ ခိုလှုံ ရောက်ရှိလာကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၅၀ တို့ရဲ့ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ IOM တို့ ပူးပေါင်းပြီးတော့ အခုလိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)