
0
459



…………………… ။ ။ …………………..

ရေတံခွန်မှာ အဝေးသင် ကျောင်းသားနှစ်ဦး ရေနစ် သေဆုံး

ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ရေလွှဲကျေးရွာအနီးရှိ ကရင်ချောင်း ရေတံခွန်မှာ ရေဆော့ကစားရင်း တောင်ငူ အဝေးသင် တက္ကသိုလ်က ကျောင်းသားနှစ်ဦး ရေနစ် သေဆုံးခဲ့ပါတယ်။

တောင်ငူ အဝေးသင် တက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၁၁ ဦး နိုဝင်ဘာ ၈ ရက်နေ့မှာ ပျော်ပွဲစားထွက်ရင်း ရေဆော့ကစားသူများအနက် ညနေ ၄ နာရီခွဲမှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နေ ဒုတိယနှစ် မြန်မာစာ ကျောင်းသား မောင်ညီညီလွင် (၁၃ နှစ်) နဲ့ ကျောက်ကြီးမြို့နယ်၊ ရေအိုးစဉ်ကျေးရွာနေ ဒုတိယနှစ် သမိုင်း ကျောင်းသား မောင်သန့်ဇင် (၂၂ နှစ်) တို့ ရေနစ် ပျောက်ဆုံးခဲ့ပါတယ်။

အခင်းဖြစ်ပွားရာကို ရေတာရှည် မြို့မရဲစခန်းက လာရောက် စစ်ဆေးခဲ့ရာ ရေနစ် ပျောက်ဆုံးသွားတဲ့ ကျောင်းသား နှစ်ဦးရဲ့ အလောင်းတွေကို နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)