လက္နက္ကိုင္ၿပီး မူးယစ္ေဆး ေရာင္းတဲ့အဖြဲ႕ကို ပိတ္ဆို႔ ဖမ္းဆီး

0
394

ကခ်င္ျပည္နယ္၊ မိုးညွင္းၿမိဳ႕နယ္ထဲမွာ တရားမဝင္ လက္နက္ ကိုင္ေဆာင္ၿပီး မူးယစ္ေဆး ေရာင္းခ်ေနတဲ့ အဖြဲ႔ကို တပ္မေတာ္၊ ရဲနဲ႔ ျပည္သူ႔စစ္ ပူးေပါင္းအဖြဲ႔ေတြက ပိတ္ဆို႔ ဖမ္းဆီးခဲ့ပါတယ္။

မိုးညွင္းၿမိဳ႕နယ္၊ နန္႔စြန္းေတာင္တန္း၊ လဆန္ရြာပ်က္၊ လဆန္ေတာင္ေျခ အနီးမွာ ထြန္းထြန္း (ခ) ေအာင္ဝင္းထြန္းနဲ႔ အဖြဲ႔ဟာ တရားမဝင္ လက္နက္ေတြ ကိုင္ေဆာင္ၿပီး မူးယစ္ေဆး ေရာင္းခ်ေနတဲ့အတြက္ မေန႔က ႏိုင္ဝင္ဘာ ၉ ရက္ေန႔မွာ ပူးေပါင္းအဖြဲ႔ သံုးဖြဲခြဲကာ လဆန္ေတာင္ေျခတဝိုက္ကို ေရွာင္တခင္ ပိတ္ဆို႔ ရွာေဖြခဲ့တာ ျဖစ္ပါတယ္။

မူးယစ္ေဆး လာေရာက္သံုးစြဲသူ ၂၆ ဦးကို ဆိုင္ကယ္ ၁၀ စီးနဲ႔အတူ ဖမ္းဆီးရမိၿပီး ဘိန္းျဖဴ ဝ ဒသမ ၁၄ ဂရမ္ကိုလည္း သိမ္းဆည္းရမိခဲ့ပါတယ္။ စစ္ေမးခ်က္အရ ေတာင္အင္းရြာ အေရွ႕ဘက္ တစ္မိုင္အကြာရွိ ထြန္းထြန္းရဲ႕ တဲကို ဆက္လက္ရွာေဖြရာမွာ ထြန္းထြန္းကို မေတြ႔ရဘဲ တပည့္ျဖစ္သူ ႏွစ္ဦးကို ဆိုလာျပား ႏွစ္ခ်ပ္၊ အေဝးၾကည့္မွန္ေျပာင္း တစ္လက္၊ စီစီတီဗီ ကင္မရာ ေလးလံုးတို႔ကို သိမ္းဆည္းရမိပါတယ္။

ဖမ္းဆီးရမိသူ ၂၈ ဦးကို နန္းမားနယ္ေျမရဲစခန္းမွာ အမႈဖြင့္ စစ္ေဆးေနပါတယ္။
……………………. ။ ။ ……………………

လက်နက်ကိုင်ပြီး မူးယစ်ဆေး ရောင်းတဲ့အဖွဲ့ကို ပိတ်ဆို့ ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲမှာ တရားမဝင် လက်နက် ကိုင်ဆောင်ပြီး မူးယစ်ဆေး ရောင်းချနေတဲ့ အဖွဲ့ကို တပ်မတော်၊ ရဲနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ ဖမ်းဆီးခဲ့ပါတယ်။

မိုးညှင်းမြို့နယ်၊ နန့်စွန်းတောင်တန်း၊ လဆန်ရွာပျက်၊ လဆန်တောင်ခြေ အနီးမှာ ထွန်းထွန်း (ခ) အောင်ဝင်းထွန်းနဲ့ အဖွဲ့ဟာ တရားမဝင် လက်နက်တွေ ကိုင်ဆောင်ပြီး မူးယစ်ဆေး ရောင်းချနေတဲ့အတွက် မနေ့က နိုင်ဝင်ဘာ ၉ ရက်နေ့မှာ ပူးပေါင်းအဖွဲ့ သုံးဖွဲခွဲကာ လဆန်တောင်ခြေတဝိုက်ကို ရှောင်တခင် ပိတ်ဆို့ ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေး လာရောက်သုံးစွဲသူ ၂၆ ဦးကို ဆိုင်ကယ် ၁၀ စီးနဲ့အတူ ဖမ်းဆီးရမိပြီး ဘိန်းဖြူ ဝ ဒသမ ၁၄ ဂရမ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ စစ်မေးချက်အရ တောင်အင်းရွာ အရှေ့ဘက် တစ်မိုင်အကွာရှိ ထွန်းထွန်းရဲ့ တဲကို ဆက်လက်ရှာဖွေရာမှာ ထွန်းထွန်းကို မတွေ့ရဘဲ တပည့်ဖြစ်သူ နှစ်ဦးကို ဆိုလာပြား နှစ်ချပ်၊ အဝေးကြည့်မှန်ပြောင်း တစ်လက်၊ စီစီတီဗီ ကင်မရာ လေးလုံးတို့ကို သိမ်းဆည်းရမိပါတယ်။

ဖမ်းဆီးရမိသူ ၂၈ ဦးကို နန်းမားနယ်မြေရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)