
0
324



…………………. ။ ။ ………………….

ရခိုင်ပြည်နယ်မှာ အကူအညီပေးမယ့် စေတနာဝန်ထမ်း လူငယ်တွေ စစ်တွေကို ရောက်ရှိ

ရခိုင်ပြည်နယ် အတွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းက စေတနာ့ဝန်ထမ်း လူငယ်တွေ ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စစ်တွေကို ရောက်ရှိလာပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီးမံကိန်း (UEHRD) ရဲ့ လုပ်ငန်းစဉ်တွေအနက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ စစ်တွေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

စေတနာ့ ဝန်ထမ်း လူငယ်တွေဟာ စစ်တွေမြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေး စခန်းများသို့ သွားရောက်မှာ ဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ စစ်တွေမြို့ကနေ အမြန်ရေယာဉ်နဲ့ မောင်တောဒေသသို့ ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)