
0
377



………………. ။ ။ …………………

အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နေပြည်တော်မှာ ကျင်းပမယ်

၁၃ ကြိမ်မြောက် အေဆမ် (ASEM) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

အာရှ-ဥရောပ အစည်းအဝေး (အေဆမ်) ကို ၁၉၉၆ ခုနှစ်တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကျင်းပတဲ့ ပထမဆုံး ညီလာခံမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး မဏ္ဍိုင်၊ စီးပွားရေး မဏ္ဍိုင်၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေး မဏ္ဍိုင် သုံးခုကို အဓိက အဆင့်လိုက် ဆွေးနွေးကြတဲ့ပွဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)