
0
326

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား (NVC) ထုတ်ပေးပြီးသူ စုစုပေါင်း ၆၂၅ ဦး ရှိပြီး National ID အတွက် ဘိုင်အိုမက်ထရစ် နည်းနဲ့ သီးသန့် မှတ်တမ်းတင်ပြီးသူ ၇၇ ဦး ရှိလာပြီ ဖြစ်ပါတယ်။


………………… ။ ။ …………………

မောင်တောမှာ NVC ထုတ်ပေးပြီးသူ ၆၂၅ ဦး ရှိလာ

ရခိုင်ပြည်နယ်၊ မောင်တောမြီု့နယ်မှာ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးပြီးသူ စုစုပေါင်း ၆၂၅ ဦး ရှိပြီး National ID အတွက် ဘိုင်အိုမက်ထရစ် နည်းနဲ့ သီးသန့် မှတ်တမ်းတင်ပြီးသူ ၇၇ ဦး ရှိလာပြီ ဖြစ်ပါတယ်။

NVC ထုတ်ပေးပြီးသူ အမျိုးသား ၃၄၆ ဦး၊ အမျိုးသမီး ၂၇၉ ဦး ဖြစ်ပါတယ်။ ဘိုင်အိုမက်ထရစ်နည်းနဲ့ သီးသန့် မှတ်တမ်းတင်ပြီးသူ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၃၃ ဦး ဖြစ်ပါတယ်။

ARSA ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားတဲ့ သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စုမှာ စတင်ကွင်းဆင်း ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)