ၿဖိဳးကိုကိုတင့္ဆန္းနဲ႔ အေပါင္းအပါ ႏွစ္ဦးကို ခ်ဳပ္ရက္ ရမန္ယူ

0
303

လက္နက္မႈ၊ မူးယစ္ေဆးဝါးအမႈ စတဲ့ အမႈ ၁၇ ခုနဲ႔ အမႈဖြင့္ခံထားရတဲ့ ၿဖိဳးကိုကိုတင့္ဆန္းနဲ႔ အေပါင္းအပါ ႏွစ္ဦးကို ဒကၡိဏသီရိၿမိဳ႕နယ္ တရား႐ံုးမွာ ခ်ဳပ္ရက္ရမန္ လာေရာက္ယူခဲ့ပါတယ္။

“ၿဖိဳးကိုကိုတင့္ဆန္းရယ္၊ ေအာင္ႏုိင္ရယ္၊ ရန္ေအာင္စိုးရယ္ေပါ့ေနာ္၊ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ နဲ႔ ၁၀ ရက္ ၁၁ လ ၂၀၁၇ ကေန ၂၄ ရက္ ၁၁ လ ၂၀၁၇ အထိကို ခ်ဳပ္ရက္ရမန္ လာေတာင္းတာ။

၂၄ ရက္ေန႔မွာ ရမန္ေစ့မယ္၊ ရမန္ေစ့ရင္ တရားစြဲ အဖြဲ႔အစည္းက သူ႔ဖာသာ ဆက္လုပ္သြားလိမ့္မယ္” လို႔ ဒကၡိဏသီရိၿမိဳ႕နယ္ တြဲဖက္တရားသူႀကီး ေဒၚေဝေဝခုိင္က ေျပာပါတယ္။

ၿဖိဳးကိုကိုတင့္ဆန္းကို ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၃၀ ရက္ေန႔တုန္းကလည္း လယ္ေဝးၿမိဳ႕နယ္ တရား႐ုံးမွာ ခ်ဳပ္ရက္ ရမန္ယူခဲ့ပါတယ္။ ၿဖိဳးကိုကိုတင့္ဆန္းနဲ႔ တျခား ၁၄ ဦးတို႔ကို အမႈေပါင္း ၁၇ မႈနဲ႔ ရန္ကုန္ၿမိဳ႕နဲ႔ ေနျပည္ေတာ္တို႔မွာ အမႈဖြင့္ထားတာ ျဖစ္ပါတယ္။
……………………. ။ ။ ……………………

ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါ နှစ်ဦးကို ချုပ်ရက် ရမန်ယူ
လက်နက်မှု၊ မူးယစ်ဆေးဝါး အမှုစတဲ့ အမှု ၁၇ ခုနဲ့ အမှုဖွင့်ခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါ နှစ်ဦးကို ဒက္ခိဏသီရိမြို့နယ် တရားရုံးမှာ ချုပ်ရက်ရမန် လာရောက်ယူခဲ့ပါတယ်။
“ဖြိုးကိုကိုတင့်ဆန်းရယ်၊ အောင်နိုင်ရယ်၊ ရန်အောင်စိုးရယ်ပေါ့နော်၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ ၁၀ ရက် ၁၁ လ ၂၀၁၇ ကနေ ၂၄ ရက် ၁၁ လ ၂၀၁၇ အထိကို ချုပ်ရက်ရမန် လာတောင်းတာ။ ၂၄ ရက်နေ့မှာ ရမန်စေ့မယ်၊ ရမန်စေ့ရင် တရားစွဲ အဖွဲ့အစည်းက သူ့ဖာသာ ဆက်လုပ်သွားလိမ့်မယ်” လို့ ဒက္ခိဏသီရိမြို့နယ် တွဲဖက်တရားသူကြီး ဒေါ်ဝေဝေခိုင်က ပြောပါတယ်။
ဖြိုးကိုကိုတင့်ဆန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့တုန်းကလည်း လယ်ဝေးမြို့နယ် တရားရုံးမှာ ချုပ်ရက် ရမန်ယူခဲ့ပါတယ်။ ဖြိုးကိုကိုတင့်ဆန်းနဲ့ တခြား ၁၄ ဦးတို့ကို အမှုပေါင်း ၁၇ မှုနဲ့ ရန်ကုန်မြို့နဲ့ နေပြည်တော်တို့မှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)