ျပည္တြင္းစီးပြားေရးမွာ ျမစ္ေၾကာင္း သယ္ယူပို႔ေဆာင္ေရးက ဖြံ႕ၿဖိဳးမႈ အားအေကာင္းဆံုး ျဖစ္လာႏိုင္

0
440

ျပည္တြင္းစီးပြားေရးမွာ ျမစ္ေၾကာင္း သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းက ဖြံ႔ၿဖိဳးဖို႔ အလားအလာ အေကာင္းဆံုးျဖစ္တယ္လို႔ ေအာက္စဖို႔ဒ္ စီးပြားေရးလုပ္ငန္းစုက မေန႔က ႏိုဝင္ဘာ ၉ ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

ျမစ္ေၾကာင္း သယ္ယူပို႔ေဆာင္းေရးမွာ ရင္းႏွီးျမွဳပ္ႏွံျခင္းအားျဖင့္ ယာဥ္လမ္းေၾကာ ပိတ္ဆို႔မႈကို ေလ်ာ့နည္းေစၿပီး စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္ဖို႔ လိုအပ္တဲ့ စရိတ္ေတြ ေလ်ာ့ပါးသက္သာေစမယ္လို႔ စီးပြားေရးဆိုင္ရာ သုေတသန စာတမ္းမ်ားႏွင့္ ေမွ်ာ္မွန္းခ်က္မ်ားကို ျပဳစုေနတဲ့ ေအာက္စဖုိ႔ဒ္ စီးပြားေရး လုပ္ငန္းစုက ဆိုပါတယ္။ စီးပြားေရး လုပ္ငန္းရွင္ေတြ အေနနဲ႔ ကုန္းတြင္းဆိပ္ကမ္းမ်ား တည္ေဆာက္ေရး က႑မွာ ပိုမိုဝင္ေရာက္ ရင္းႏွီးျမွဳပ္ႏွံျခင္းျဖင့္ စီးပြားေရး အားေကာင္းႏိုင္တယ္လို႔ ေအာက္စဖုိ႔ဒ္ စီးပြားေရး လုပ္ငန္းစုက ခန္႔မွန္းပါတယ္။

အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB) ကလည္း ျမစ္ေၾကာင္း သယ္ယူပို႔ေဆာင္ေရးမွာ ရင္းႏွီးျမွဳပ္ႏွံျခင္းဟာ အက်ိဳးအျမတ္ အမ်ားဆံုး ရႏိုင္တဲ့ ရင္းႏွီးျမွဳပ္ႏွံမႈ ျဖစ္တယ္လို႔ ခန္႔မွန္းထားပါတယ္။ ဧရာဝတီျမစ္လို ကုန္တြင္းပိုင္း ျမစ္ေၾကာင္းေတြဟာ ေရစူးအနက္ နိမ့္တဲ့အတြက္ အဟန္႔အတားျဖစ္ေနၿပီး သေဘၤာရဲ႕ အရြယ္အစားကိုလည္း ကန္႔သတ္ထားသလို ျဖစ္ေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

…………………. ။ ။ …………………….

 

ပြည်တွင်းစီးပွားရေးမှာ မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးက ဖွံ့ဖြိုးမှု အားအကောင်းဆုံး ဖြစ်လာနိုင်
ပြည်တွင်းစီးပွားရေးမှာ မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းက ဖွံ့ဖြိုးဖို့ အလားအလာ အကောင်းဆုံးဖြစ်တယ်လို့ အောက်စဖို့ဒ် စီးပွားရေးလုပ်ငန်းစုက မနေ့က နိုဝင်ဘာ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြစ်ကြောင်း သယ်ယူပို့ဆောင်းရေးမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ယာဉ်လမ်းကြော ပိတ်ဆို့မှုကို လျော့နည်းစေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ စရိတ်တွေ လျော့ပါးသက်သာစေမယ်လို့ စီးပွားရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် မျှော်မှန်းချက်များကို ပြုစုနေတဲ့ အောက်စဖို့ဒ် စီးပွားရေး လုပ်ငန်းစုက ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ရေး ကဏ္ဍမှာ ပိုမိုဝင်ရောက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေး အားကောင်းနိုင်တယ်လို့ အောက်စဖို့ဒ် စီးပွားရေး လုပ်ငန်းစုက ခန့်မှန်းပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ အကျိုးအမြတ် အများဆုံး ရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ ဧရာဝတီမြစ်လို ကုန်တွင်းပိုင်း မြစ်ကြောင်းတွေဟာ ရေစူးအနက် နိမ့်တဲ့အတွက် အဟန့်အတားဖြစ်နေပြီး သင်္ဘောရဲ့ အရွယ်အစားကိုလည်း ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)