လႊတ္ေတာ္အနီး ဒ႐ုန္းလႊတ္တင္သူေတြကို ေထာင္ဒဏ္ ႏွစ္လစီခ်

0
321

ေနျပည္ေတာ္ လႊတ္ေတာ္ အေဆာက္အဦအနီး ဒ႐ုန္းလႊတ္တင္မႈနဲ႔ ဖမ္းဆီးစစ္ေဆးေနသူ ေလးဦးကို ဇမၺဴသီရိၿမိဳ႕နယ္ တရား႐ံုးက ေလယာဥ္အက္ဥပေဒ ပုဒ္မ ၁၀ နဲ႔ ေထာင္ဒဏ္ ႏွစ္လစီ ခ်မွတ္လိုက္ပါတယ္။

တူရကီအေျခစိုက္ TRT သတင္းဌာန အတြက္ စကားျပန္ လုပ္ေပးသူ သတင္းေထာက္ ေအာင္ႏုိင္စုိး (ခ) ယာကြတ္၊ စင္ကာပူ ႏုိင္ငံသား လူဟြန္မင္၊ မေလးရွားႏုိင္ငံသူ ေမာ့ခ္ ခြ်ိဳင္ လင္းနဲ႔ ယာဥ္ေမာင္း ျဖစ္သူ ဦးလွတင္တို႔ကို အာမခံပယ္ခ်ၿပီး ေထာင္ဒဏ္ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

ပို႔ကုန္သြင္းကုန္ ဥပေဒနဲ႔ စြဲထားတဲ့အမႈကိုေတာ့ လာမယ့္ ႏိုဝင္ဘာ ၁၆ ရက္ေန႔မွာ ႐ံုးခ်ိန္း ထပ္ခ်ိိန္းလိုက္ပါတယ္။ ႐ံုးခ်ိန္းကို ေအာင္ႏိုင္စိုးနဲ႔ ဦးလွတင္တို႔ရဲ႕ မိသားစုဝင္ေတြ၊ တူရကီ၊ မေလးရွားနဲ႔ စင္ကာပူ သံ႐ံုးတို႔က တာဝန္ရွိသူေတြ လာေရာက္ခဲ့ၾကပါတယ္။
………………….. ။ ။ ………………….

လွှတ်တော်အနီး ဒရုန်းလွှတ်တင်သူတွေကို ထောင်ဒဏ် နှစ်လစီချ

နေပြည်တော် လွှတ်တော် အဆောက်အဦအနီး ဒရုန်းလွှတ်တင်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေသူ လေးဦးကို ဇမ္ဗူသီရိမြို့နယ် တရားရုံးက လေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀ နဲ့ ထောင်ဒဏ် နှစ်လစီ ချမှတ်လိုက်ပါတယ်။

တူရကီအခြေစိုက် TRT သတင်းဌာန အတွက် စကားပြန် လုပ်ပေးသူ သတင်းထောက် အောင်နိုင်စိုး (ခ) ယာကွတ်၊ စင်ကာပူ နိုင်ငံသား လူဟွန်မင်၊ မလေးရှားနိုင်ငံသူ မော့ခ် ချွိုင် လင်းနဲ့ ယာဉ်မောင်း ဖြစ်သူ ဦးလှတင်တို့ကို အာမခံပယ်ချပြီး ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စွဲထားတဲ့အမှုကိုတော့ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရုံးချိန်း ထပ်ချိန်းလိုက်ပါတယ်။ ရုံးချိန်းကို အောင်နိုင်စိုးနဲ့ ဦးလှတင်တို့ရဲ့ မိသားစုဝင်တွေ၊ တူရကီ၊ မလေးရှားနဲ့ စင်ကာပူ သံရုံးတို့က တာဝန်ရှိသူတွေ လာရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)