
0
333



……………………. ။ ။ ……………………….

ဒုက္ခသည်တွေ လက်ခံစစ်ဆေးမယ့် နေရာတွေကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းကနေ ပြန်လာမယ့် ဒုက္ခသည်တွေကို လက်ခံစစ်ဆေးမယ့် နေရာတွေကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ အဖွဲ့က ကွင်းဆင်းစစ်ဆေး ကြည့်ရှုပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ အဖွဲ့ဟာ မနေ့က နိုဝင်ဘာ ၉ ရက်နေ့မှာ မောင်တောဒေသ မြောက်ပိုင်းရှိ ငါးခူရစခန်း မြေနေရာတွေနဲ့ တောင်ပြိုလက်ဝဲမြေနေရာတွေမှာ ပြန်လည် ရောက်ရှိလက်ခံမယ့် သူများ လက်ခံစစ်ဆေးမယ့် စခန်းမြေနေရာတွေကို ကြည့်ရှု စစ်ဆေးတာ ဖြစ်ပါတယ်။

ARSA အကြမ်းဖက် အဖွဲ့ကြောင့် မီးလောင်ပျက်စီးသွားတဲ့ အိုးထိန်း ဟိန္ဒူကျေးရွာသစ် ပြန်လည် တည်ဆောက်မယ့် နေရာကိုလည်း သွားရောက် ကြည့်ရှုဆွေးနွေးပါတယ်။ အိုးထိန်းရွာမှာ အိမ်ထောင်စု ၇၂ စုရှိပြီး မိသားစုတွေအတွက် အနံပေ ၄၀၊ အလျား ပေ ၆၀ ရှိ နေအိမ်တွေ တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)