ရန္ကုန္စာအုပ္လမ္း ျပန္လည္ ဖြင့္လွစ္ေတာ့မယ္

0
313

စေန-တနဂၤေႏြ ရန္ကုန္စာအုပ္လမ္း Yangon Book Street ကို ႏိုဝင္ဘာ ၁၁ ရက္ေန႔က စတင္ၿပီး အပတ္စဥ္ ျပန္လည္ ဖြင့္လွစ္ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။

ျပန္ၾကားေရးဝန္ႀကီးဌာနက ဦးစီးကာ ရန္ကုန္တုိင္း အစုိးရအဖဲ႔ြနဲ႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီတုိ႔ ပူးေပါင္း စီစဥ္ေပးတာျဖစ္ၿပီး စာအုပ္ အေရာင္းဆုိင္ေတြနဲ႔ အထိမ္းအမွတ္ပစၥည္း အေရာင္းဆုိင္ စုစုေပါင္း ဆိုင္ခန္း ၁၇၀ ဖြင့္လွစ္ေရာင္းခ်မွာ ျဖစ္ပါတယ္။

ဖြင့္ပဲြ အထိမ္းအမွတ္အျဖစ္ ႏုိဝင္ဘာလ ၁၁ ရက္ကေန ၁၃ ရက္ေန႔အထိ မနက္ ၉ နာရီကေန ညေန ၅ နာရီအထိ သံုးရက္ ဖြင့္လွစ္ေပးမွာျဖစ္ပါတယ္။ မနက္ျဖန္ ႏုိဝင္ဘာလ ၁၁ ရက္ေန႔ ဖြင့္ပဲြမွာ စာအုပ္လမး္ကုိ လာေရာက္ၾကသူေတြအတြက္ စာအုပ္လက္ေဆာင္ေပးတာ၊ ေရးသူဖတ္သူ ေဆြးေႏြးပြဲ၊ ေတးဂီတေဖ်ာ္ေျဖေရး၊ စာေရးသူေတြရဲ႕ စာဖတ္ဝိုင္း၊ စာေပပေဟဠိ၊ ပန္းခ်ီဆရာေတြက ကယ္ရီေကးခ်ားေရးဆဲြတာေတြလည္း ပါဝင္မွာ ျဖစ္ပါတယ္။
…………………….. ။ ။ ……………………….

ရန်ကုန်စာအုပ်လမ်း ပြန်လည် ဖွင့်လှစ်တော့မယ်

စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း Yangon Book Street ကို နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ပြီး အပတ်စဉ် ပြန်လည် ဖွင့်လှစ် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးကာ ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း စီစဉ်ပေးတာဖြစ်ပြီး စာအုပ် အရောင်းဆိုင်တွေနဲ့ အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင် စုစုပေါင်း ဆိုင်ခန်း ၁၇၀ ဖွင့်လှစ်ရောင်းချမှာ ဖြစ်ပါတယ်။

ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ သုံးရက် ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ မနက်ဖြန် နိုဝင်ဘာလ ၁၁ ရက်နေ့ ဖွင့်ပွဲမှာ စာအုပ်လမး်ကို လာရောက်ကြသူတွေအတွက် စာအုပ်လက်ဆောင်ပေးတာ၊ ရေးသူဖတ်သူ ဆွေးနွေးပွဲ၊ တေးဂီတဖျော်ဖြေရေး၊ စာရေးသူတွေရဲ့ စာဖတ်ဝိုင်း၊ စာပေပဟေဠိ၊ ပန်းချီဆရာတွေက ကယ်ရီကေးချားရေးဆွဲတာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)