ရခိုင္အေရးမွာ အျပဳသေဘာ မွန္ကန္စြာ ပူးေပါင္း ေဆာင္ရြက္ေနတယ္လို႔ တ႐ုတ္ သံအမတ္ႀကီး ေျပာ

0
290

ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးမွာ တ႐ုတ္ႏိုင္ငံက အျပဳသေဘာနဲ႔ မွန္ကန္စြာ ပူးေပါင္း ေဆာင္ရြက္ေပးေနတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာ ဟုန္လ်န္က ေျပာပါတယ္။

ေနျပည္ေတာ္မွာ ျပည္ေထာင္စု လႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ ဥကၠ႒ သူရဦးေရႊမန္းနဲ႔ မေန႔က ႏိုဝင္ဘာ ၉ ရက္မွာ ေတြ႔ဆံုစဥ္ အဲဒီလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

သူရဦးေရႊမန္းကလည္း တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမပိုင္ဆိုင္မႈအေပၚ အေလးထားတာကို သိရွိေၾကာင္း၊ ျမန္မာႏိုင္ငံအေပၚ မွ်တစြာ ရပ္တည္ေဆာင္ရြက္ေနမႈကို အသိအမွတ္ျပဳေၾကာင္း ျပန္လည္ ေျပာၾကားခဲ့ပါတယ္။
……………………… ။ ။ ……………………..

ရခိုင်အရေးမှာ အပြုသဘော မှန်ကန်စွာ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ တရုတ် သံအမတ်ကြီး ပြော

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တရုတ်နိုင်ငံက အပြုသဘောနဲ့ မှန်ကန်စွာ ပူးပေါင်း ဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောပါတယ်။

နေပြည်တော်မှာ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ မနေ့က နိုဝင်ဘာ ၉ ရက်မှာ တွေ့ဆုံစဉ် အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူရဦးရွှေမန်းကလည်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုအပေါ် အလေးထားတာကို သိရှိကြောင်း၊ မြန်မာနိုင်ငံအပေါ် မျှတစွာ ရပ်တည်ဆောင်ရွက်နေမှုကို အသိအမှတ်ပြုကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)