NCA လက္မွတ္ေရးထိုးေရး အခ်က္တစ္ခ်က္သာ ေဆြးေႏြးဖို႔ က်န္

0
359

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးႏိုင္ေရးအတြက္ အဆိုျပဳခ်က္ေတြကို ေဆြးေႏြးရာမွာ ႏွစ္ဖက္စလံုး ေမွ်ာ္မွန္းတဲ့အတိုင္း နီးစပ္လာၿပီး အၿပီးသတ္ ေဆြးေႏြးရမယ့္အခ်က္ တစ္ခ်က္သာ က်န္တယ္လို႔ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ (PC) ရဲ႕ ကိုယ္စားလွယ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

ၿငိမ္းခ်မ္းေရး ေကာ္မရွင္ (PC) နဲ႔ ႏိုင္ငံေရးဆိုင္ရာ ညွိႏိႈင္းေဆြးေႏြးေရး ကိုယ္စားလွယ္အဖြဲ႔ (DPN) တို႔ရဲ႕ ၇ ႀကိမ္ေျမာက္ ေဆြးေႏြးပြဲကို ႏိုဝင္ဘာ ၉ ရက္ေန႔မွာ ရန္ကုန္ရွိ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC) မွာ က်င္းပခဲ့ၿပီး ပြဲအၿပီးမွာ ဦးေဇာ္ေဌးက ေျပာဆိုတာ ျဖစ္ပါတယ္။

က်န္ခဲ့တဲ့ အခ်က္က ဘာလဲဆိုတာ အခု အေျခအေနမွာ ေျပာလို႔ မရေသးေၾကာင္းနဲ႔ ႏွစ္ဖက္ ေခါင္းေဆာင္ေတြဆီ ျပန္တင္ျပၿပီး ေနာက္တစ္ႀကိမ္ ေတြ႔ဆံုကာ အၿပီးသတ္ ေဆြးေႏြးဖို႔သာ က်န္ေတာ့ေၾကာင္း သူက ေျပာပါတယ္။

တပ္ပိုင္းဆိုင္ရာ၊ စစ္ဘက္ဆိုင္ရာ ကိစၥေတြကိုလည္း အေသးစိတ္ ေဆြးေႏြးၿပီး ျဖစ္တယ္၊ ႏွစ္ဖက္ ေခါင္းေဆာင္ေတြဆီ ျပန္တင္ျပၿပီးရင္ NCA လက္မွတ္ေရးထိုးႏိုင္မယ္လို႔ နားလည္ ယံုၾကည္တယ္လို႔ DPN အဖြဲ႔ေခါင္းေဆာင္ ဦးခူးရယ္က ေျပာပါတယ္။
……………………… ။ ။ …………………………

NCA လက်မှတ်ရေးထိုးရေး အချက်တစ်ချက်သာ ဆွေးနွေးဖို့ ကျန်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် အဆိုပြုချက်တွေကို ဆွေးနွေးရာမှာ နှစ်ဖက်စလုံး မျှော်မှန်းတဲ့အတိုင်း နီးစပ်လာပြီး အပြီးသတ် ဆွေးနွေးရမယ့်အချက် တစ်ချက်သာ ကျန်တယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် (PC) ရဲ့ ကိုယ်စားလှယ် ဦးဇော်ဌေးက ပြောပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင် (PC) နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ရဲ့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်နေ့မှာ ရန်ကုန်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှာ ကျင်းပခဲ့ပြီး ပွဲအပြီးမှာ ဦးဇော်ဌေးက ပြောဆိုတာ ဖြစ်ပါတယ်။

ကျန်ခဲ့တဲ့ အချက်က ဘာလဲဆိုတာ အခု အခြေအနေမှာ ပြောလို့ မရသေးကြောင်းနဲ့ နှစ်ဖက် ခေါင်းဆောင်တွေဆီ ပြန်တင်ပြပြီး နောက်တစ်ကြိမ် တွေ့ဆုံကာ အပြီးသတ် ဆွေးနွေးဖို့သာ ကျန်တော့ကြောင်း သူက ပြောပါတယ်။

တပ်ပိုင်းဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာ ကိစ္စတွေကိုလည်း အသေးစိတ် ဆွေးနွေးပြီး ဖြစ်တယ်၊ နှစ်ဖက် ခေါင်းဆောင်တွေဆီ ပြန်တင်ပြပြီးရင် NCA လက်မှတ်ရေးထိုးနိုင်မယ်လို့ နားလည် ယုံကြည်တယ်လို့ DPN အဖွဲ့ခေါင်းဆောင် ဦးခူးရယ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)