ကုန္သြယ္ေရး တိုးျမႇင့္ဖို႔နဲ႔ စိုက္ပ်ိဳးေရး က႑ပူးေပါင္းဖို႔ ျမန္မာနဲ႔ ဗီယက္နမ္ ေဆြးေႏြး

0
371

ကုန္သြယ္ေရး တိုးျမႇင့္ဖို႔၊ စိုက္ပ်ိဳးေရး က႑ ပိုမိုပူးေပါင္း ေဆာင္ရြက္ဖို႔၊ စီးပြားေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ က႑ေတြ ပိုမိုပူးေပါင္းဖို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗီယက္နမ္သမၼတ မစၥတာ ထရမ္ဒိုင္ကြမ္တို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

အာဆီယံႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ အာရွ-ပစိဖိတ္ စီးပြားေရး ပူးေပါင္း ေဆာင္ရြက္မႈ (ေအပက္) အဖြဲ႔ဝင္ ႏိုင္ငံေခါင္းေဆာင္ေတြ သီးသန္႔ေတြ႔ဆံုဖို႔ ဗီယက္နမ္ ႏိုင္ငံ ဒါနန္းၿမိဳ႕ကို ေရာက္ရွိေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ထရမ္ဒိုင္ကြမ္တို႔ မေန႔က ႏိုဝင္ဘာ ၉ ရက္ေန႔မွာ ေတြ႔ဆံု ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။

ေတြ႔ဆံုပြဲကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အတူ အမ်ိဳးသား လံုၿခံဳေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ဦးေသာင္းထြန္း၊ ႏိုင္ငံျခားေရး ဒု ဝန္ႀကီး ဦးေက်ာ္တင္၊ ဗီယက္နမ္ဘက္က အစိုးရအဖြဲ႔႐ံုး ဝန္ႀကီး မစၥတာ ဒါေအာ့ ဗီယက္က်ံဳး၊ ႏိုင္ငံျခားေရး ဒု ဝန္ႀကီး မစၥတာ ဒန္းဒင့္ကြီ၊ စီးပြားေရး ဒု ဝန္ႀကီး မစၥတာ ေဒါ့ထန္ဟိုင္တို႔ တက္ေရာက္ပါတယ္။
………………… ။ ။ ……………………..

ကုန်သွယ်ရေး တိုးမြှင့်ဖို့နဲ့ စိုက်ပျိုးရေး ကဏ္ဍပူးပေါင်းဖို့ မြန်မာနဲ့ ဗီယက်နမ် ဆွေးနွေး

ကုန်သွယ်ရေး တိုးမြှင့်ဖို့၊ စိုက်ပျိုးရေး ကဏ္ဍ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေ ပိုမိုပူးပေါင်းဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီယက်နမ်သမ္မတ မစ္စတာ ထရမ်ဒိုင်ကွမ်တို့ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံဖို့ ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ထရမ်ဒိုင်ကွမ်တို့ မနေ့က နိုဝင်ဘာ ၉ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတူ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးကျော်တင်၊ ဗီယက်နမ်ဘက်က အစိုးရအဖွဲ့ရုံး ဝန်ကြီး မစ္စတာ ဒါအော့ ဗီယက်ကျုံး၊ နိုင်ငံခြားရေး ဒု ဝန်ကြီး မစ္စတာ ဒန်းဒင့်ကွီ၊ စီးပွားရေး ဒု ဝန်ကြီး မစ္စတာ ဒေါ့ထန်ဟိုင်တို့ တက်ရောက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)