မေလးရွားမွာ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာ ၂၃ ဦး အဖမ္းခံရ

0
107

မေလးရွားႏိုင္ငံကို တရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းတဲ့ ျမန္မာႏိုင္ငံကလာသူ ၂၃ ဦးကို ရန္တူ ပန္ဂ်န္ၿမိဳ႕မွာ မေလးရွားလံုၿခံဳေရး တပ္ဖြဲ႔က ေအာက္တိုဘာလ ၇ ရက္ေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။

အဲဒီ ဧရိယာမွာ တာဝန္ယူထားတဲ့ လံုၿခံဳေရးဂိတ္ မ်ားစြာကို ေက်ာ္ျဖတ္လာႏိုင္ခဲ့တဲ့ အဲဒီအဖြဲ႔ကို ေန႔လည္ ၁ နာရီ ၄၅ မိနစ္မွာ ဖမ္ခဲ့တယ္လို႔ ဖမ္းဆီးခဲ့တဲ့ အမွတ္ (၇) လံုၿခံဳေရးတပ္ဖြဲ႔က တပ္မွဴး အဇာရီ ႏူဆီက ေျပာပါတယ္။ ဆိပ္ကမ္းတစ္ခုကေန ထြက္ခြာလာတဲ့ ကားတစ္စီးကို သံသယရွိလို႔ ရပ္တန္႔ခိုင္းခဲ့ေပမယ့္ ယာဥ္ေမာင္းက ရပ္မေပးဘဲ ေမာင္းႏွင္ထြက္ေျပးခဲ့လိုက္ လိုက္ဖမ္းခဲ့ရတာ ျဖစ္ပါတယ္။

ကားကို အရွိန္မထိန္းႏိုင္ဘဲ လမ္းေခ်ာ္သြားခဲ့ၿပီး ယာဥ္ေမာင္းကေတာ့ ဆြန္ဂိုင္ ဂိုေလာ့ဘက္ကို ေျခလ်င္ ထြက္ေျပးသြားခဲ့ပါတယ္။ ကားေပၚမွာ အမ်ိဳးသမီး ႏွစ္ဦးအပါအဝင္ ျမန္မာႏိုင္ငံကလာသူ ၂၃ ဦးကို ေတြ႔ရွိခဲ့ၿပီး ဘယ္သူမွ ခရီးသြားလာခြင့္ အေထာက္အထား စာရြက္စာတမ္း မရွိၾကပါဘူး။ တရားမဝင္ ဝင္ေရာက္လာသူေတြက ထိုင္းႏုိင္ငံကေန တစ္ဆင့္ ဝင္လာတာလို႔ ထြက္ဆိုခဲ့ၾကပါတယ္။

မလေးရှားမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၃ ဦး အဖမ်းခံရ


မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာနိုင်ငံကလာသူ ၂၃ ဦးကို ရန်တူ ပန်ဂျန်မြို့မှာ မလေးရှားလုံခြုံရေး တပ်ဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။


အဲဒီ ဧရိယာမှာ တာဝန်ယူထားတဲ့ လုံခြုံရေးဂိတ် များစွာကို ကျော်ဖြတ်လာနိုင်ခဲ့တဲ့ အဲဒီအဖွဲ့ကို နေ့လည် ၁ နာရီ ၄၅ မိနစ်မှာ ဖမ်ခဲ့တယ်လို့ ဖမ်းဆီးခဲ့တဲ့ အမှတ် (၇) လုံခြုံရေးတပ်ဖွဲ့က တပ်မှူး အဇာရီ နူဆီက ပြောပါတယ်။ ဆိပ်ကမ်းတစ်ခုကနေ ထွက်ခွာလာတဲ့ ကားတစ်စီးကို သံသယရှိလို့ ရပ်တန့်ခိုင်းခဲ့ပေမယ့် ယာဉ်မောင်းက ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးခဲ့လိုက် လိုက်ဖမ်းခဲ့ရတာ ဖြစ်ပါတယ်။


ကားကို အရှိန်မထိန်းနိုင်ဘဲ လမ်းချော်သွားခဲ့ပြီး ယာဉ်မောင်းကတော့ ဆွန်ဂိုင် ဂိုလော့ဘက်ကို ခြေလျင် ထွက်ပြေးသွားခဲ့ပါတယ်။ ကားပေါ်မှာ အမျိုးသမီး နှစ်ဦးအပါအဝင် မြန်မာနိုင်ငံကလာသူ ၂၃ ဦးကို တွေ့ရှိခဲ့ပြီး ဘယ်သူမှ ခရီးသွားလာခွင့် အထောက်အထား စာရွက်စာတမ်း မရှိကြပါဘူး။ တရားမဝင် ဝင်ရောက်လာသူတွေက ထိုင်းနိုင်ငံကနေ တစ်ဆင့် ဝင်လာတာလို့ ထွက်ဆိုခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)