မီးဖြားစဥ္ ၾကမ္းတမ္းစြာ ေျပာဆိုဆက္ခံရတဲ့ ကိုယ္ဝန္ေဆာင္ သံုးပံု တစ္ပံုရွိ

0
140

အာဖရိကနဲ႔ အာရွရွိ ဝင္ေငြနည္းပါးတဲ့ ႏိုင္ငံ ေလးႏိုင္ငံကို ေလ့လာခဲ့ရာမွာ အမ်ိဳးသမီး သံုးပံု တစ္ပံုဟာ မီးဖြားစဥ္ ကာလအတြင္း ၾကမ္းတမ္းစြာ ျပဳမူေျပာဆို ဆက္ဆံခံရၿပီး ကမာၻတစ္လႊားမွာ အလားတူ ျဖစ္ပြားေနတယ္လို႔ ေလ့လာမႈတစ္ရပ္က ေဖာ္ျပပါတယ္။

ႏိုင္ဂ်ီးရီးယား၊ ျမန္မာ၊ ဂါနာနဲ႔ ဂီနီယာႏိုင္ငံတို႔ကို ေလ့လာခဲ့ရာမွာ အမ်ိဳးသမီး သံုးပံု တစ္ပံုဟာ မီးဖြားစဥ္ ဗိုက္ခြဲေမြးတာ၊ ေမြးလမ္းေၾကာင္းကို ျပန္ခ်ဳပ္တာ၊ ေမြးလမ္းေၾကာင္းကို ခ်ဲ႕တာေတြမွာ သူတို႔ရဲ႕ သေဘာတူညီခ်က္ မပါတာ၊ နာက်င္မႈသက္သာေအာင္ ေဆးမေပးတာေတြ အေရအတြက္ ျမင့္မားေနတယ္လို႔ လန္ဆက္ ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။  

မီးဖြားစဥ္ ဆိုးရြားစြာ ျပဳမူဆက္ဆံခံရတာဟာ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္တာ ျဖစ္ေၾကာင္း ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။ အခုေလ့လာမႈကို ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ဦးေဆာင္ လုပ္ခဲ့တာ ျဖစ္ၿပီး မီးဖြားတဲ့ အမ်ိဳးသမီး ၂ ေထာင္နဲ႔ မီဖြားၿပီး အမ်ိဳးသမီး ၂၆၀၀ တို႔ကို ေတြ႕ဆံုေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

မီးဖွားစဉ် ကြမ်းတမ်းစွာ ပြောဆိုဆက်ခံရတဲ့ ကိုယ်ဝန်ဆောင် သုံးပုံ တစ်ပုံရှိ

အာဖရိကနဲ့ အာရှရှိ ဝင်ငွေနည်းပါးတဲ့ နိုင်ငံ လေးနိုင်ငံကို လေ့လာခဲ့ရာမှာ အမျိုးသမီး သုံးပုံ တစ်ပုံဟာ မီးဖွားစဉ် ကာလအတွင်း ကြမ်းတမ်းစွာ ပြုမူပြောဆို ဆက်ဆံခံရပြီး ကမ္ဘာတစ်လွှားမှာ အလားတူ ဖြစ်ပွားနေတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြပါတယ်။

နိုင်ဂျီးရီးယား၊ မြန်မာ၊ ဂါနာနဲ့ ဂီနီယာနိုင်ငံတို့ကို လေ့လာခဲ့ရာမှာ အမျိုးသမီး သုံးပုံ တစ်ပုံဟာ မီးဖွားစဉ် ဗိုက်ခွဲမွေးတာ၊ မွေးလမ်းကြောင်းကို ပြန်ချုပ်တာ၊ မွေးလမ်းကြောင်းကို ချဲ့တာတွေမှာ သူတို့ရဲ့ သဘောတူညီချက် မပါတာ၊ နာကျင်မှုသက်သာအောင် ဆေးမပေးတာတွေ အရေအတွက် မြင့်မားနေတယ်လို့ လန်ဆက် ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

မီးဖွားစဉ် ဆိုးရွားစွာ ပြုမူဆက်ဆံခံရတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်ကြောင်း ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အခုလေ့လာမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဦးဆောင် လုပ်ခဲ့တာ ဖြစ်ပြီး မီးဖွားတဲ့ အမျိုးသမီး ၂ ထောင်နဲ့ မီဖွားပြီး အမျိုးသမီး ၂၆၀ဝ တို့ကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)