FPNCC နဲ႔ ရွမ္းလူမႈအဖဲြ႔အစည္းေတြ ေမတၱာရပ္ခံမႈေၾကာင့္ နန္းမိုဟြမ္ကို လႊတ္ေပးဖို႔ သေဘာတူ

0
851

ျပည္ေထာင္စုႏိုင္ငံေရး ေဆြးေႏြးညွိႏိႈင္းေရးေကာ္မတီ (FPNCC)နဲ႔ ရွမ္းလူမႈအဖြဲ႔အစည္း ၁၀ ဖြဲ႕တို႔က တအာင္း အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (PSLF/TNLA) ဖမ္းဆီးထားတဲ့ နန္းမိုဟြမ္ကို လႊတ္ေပးဖို႔ ေဆြးေႏြးခဲ့ၿပီး ေနာက္ PSLF/TNLA က လႊတ္ေပးဖို႔ သေဘာတူလိုက္ပါတယ္။

မေန႔က ေအာက္တိုဘာ ၉ ရက္ေန႔မွာ FPNCC ရဲ႕ စီစဥ္ေပးမႈအရ ‘ဝ’ ျပည္နယ္၊ ပန္ခမ္းၿမိဳ႕၊ ျပင္ပ ဆက္ဆံေရးဌာနအစည္အေဝး ခန္းမွာ နန္းမိုဟြမ္ မိသားစုဝင္နဲ႔ နမ့္ခမ္းၿမိဳ႕က ရွမ္းလူမႈအသင္း အဖြဲ႕အစည္း ၁၀ ဖြဲ႔က ကိုယ္စားလွယ္ ၄ ဦးတို႔ PSLF/ TNLA တို႔ တုိက္႐ိုက္ေဆြးေႏြးခဲ့ပါတယ္။

နန္းမိုဟြမ္က အမွားအယြင္းလုပ္ခဲ့ေၾကာင္း ဝန္ခံလို႔ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခဲ့ေပမယ့္ မိသားစုဝင္နဲ႔ ရွမ္းလူမႈ အဖြဲ႔အစည္းေတြရဲ႕ ေမတၱာရပ္ခံခ်က္ေၾကာင့္ အတူေန တိုင္းရင္းသားေတြ ခ်စ္ၾကည္ရင္းႏွီးမႈကို ေရွး႐ႈၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳတာ ျဖစ္ပါတယ္။ နန္းမိုဟြမ္ကိစၥ ေျပလည္စြာ ေျဖရွင္းႏိုင္ျခင္းအေပၚ ဝမ္းသာရမိေၾကာင္း FPNCC က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

FPNCC နဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေ မေတ္တာရပ်ခံမှုကြောင့် နန်းမိုဟွမ်ကို လွှတ်ပေးဖို့ သဘောတူ

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)နဲ့ ရှမ်းလူမှုအဖွဲ့အစည်း ၁၀ ဖွဲ့တို့က တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ကို လွှတ်ပေးဖို့ ဆွေးနွေးခဲ့ပြီး နောက် PSLF/TNLA က လွှတ်ပေးဖို့ သဘောတူလိုက်ပါတယ်။

မနေ့က အောက်တိုဘာ ၉ ရက်နေ့မှာ FPNCC ရဲ့ စီစဉ်ပေးမှုအရ ‘ဝ’ ပြည်နယ်၊ ပန်ခမ်းမြို့၊ ပြင်ပ ဆက်ဆံရေးဌာနအစည်းအဝေးခန်းမှာ နန်းမိုဟွမ် မိသားစုဝင်နဲ့ နမ့်ခမ်းမြို့က ရှမ်းလူမှုအသင်း အဖွဲ့အစည်း ၁၀ ဖွဲ့က ကိုယ်စားလှယ် ၄ ဦးတို့ PSLF/ TNLA တို့ တိုက်ရိုက်ဆွေးနွေးခဲ့ပါတယ်။

နန်းမိုဟွမ်က အမှားအယွင်းလုပ်ခဲ့ကြောင်း ဝန်ခံလို့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပေမယ့် မိသားစုဝင်နဲ့ ရှမ်းလူမှု အဖွဲ့အစည်းတွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် အတူနေ တိုင်းရင်းသားတွေ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုတာ ဖြစ်ပါတယ်။ နန်းမိုဟွမ်ကိစ္စ ပြေလည်စွာ ဖြေရှင်းနိုင်ခြင်းအပေါ် ဝမ်းသာရမိကြောင်း FPNCC က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)