စာပို႔တိုက္ ဥပေဒသစ္တစ္ရပ္ ေရးဆြဲျပ႒ာန္းမယ္

0
945

ျမန္မာႏိုင္ငံ စာပို႔တုိက္က႑ ဖြံ႔ၿဖိဳးတုိးတက္ေရး ေဆာင္ရြက္ရာမွာ အရင္အသုံးျပဳခဲ့တဲ့ Burma Postal Act (၁၈၉၈) ကုိ ႐ုပ္သိမ္းၿပီး စာပုိ႔တုိက္ ဥပေဒအသစ္တစ္ရပ္ကို ေရးဆြဲျပ႒ာန္းမွာ ျဖစ္ပါတယ္။

အဲဒီလို ေရးဆြဲႏိုင္ဖို႔ ဆက္သြယ္ေရးညႊန္ၾကားေရးဦးစီးဌာနနဲ႔ ျမန္မာ့စာတုိက္လုပ္ငန္းတုိ႔ ပူးေပါင္းၿပီး လုပ္ေဆာင္ေနတယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီး ဦးသန္႔စင္ေမာင္က ေနျပည္ေတာ္မွာ ေအာက္တိုဘာ ၉ ရက္ေန႔မွာ က်ေရာက္တဲ့ ကမာၻ႔စာပို႔တိုက္ေန႔ အခမ္းအနားမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ကမာၻ႔စာပုိ႔တုိက္သမဂၢ (UPU) အဖြဲ႔ဝင္အျဖစ္ ၁၉၄၉ ခုႏွစ္ေအာက္တုိဘာ ၄ ရက္ေန႔မွာ ပါဝင္ခဲ့ပါတယ္။ ကမာၻ႔စာပုိ႔တုိက္ေန႔ အခမ္းအနား က်ငး္ပရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ကမာၻအႏွံ႔အျပားရွိ စာပုိ႔တုိက္ဝန္ေဆာင္မႈ သုံးစြဲသူေတြနဲ႔ စီးပြားေရး လုပ္ငနး္ေတြအၾကား စာပုိ႔တုိက္ရဲ႕ အခန္းက႑ကုိ သိရွိေစဖုိ႔သာမက စာပုိ႔တုိက္လုပ္ငန္းေတြ ကမာၻတစ္ဝန္း လႈမႈစီးပြား ဖြံ႔ၿဖိဳးတုိးတက္ေရးတုိ႔မွာ ပါဝင္ေဆာင္ရြက္ေနတာေတြကုိ သိရွိနုိင္ဖို႔ က်င္း္ပတာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စာပို့တိုက် ဥပဒေသစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းမယ်

မြန်မာနိုင်ငံ စာပို့တိုက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ အရင်အသုံးပြုခဲ့တဲ့ Burma Postal Act (၁၈၉၈) ကို ရုပ်သိမ်းပြီး စာပို့တိုက် ဥပဒေအသစ်တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းမှာ ဖြစ်ပါတယ်။

အဲဒီလို ရေးဆွဲနိုင်ဖို့ ဆက်သွယ်ရေးညွှန်ကြားရေးဦးစီးဌာနနဲ့ မြန်မာ့စာတိုက်လုပ်ငန်းတို့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က နေပြည်တော်မှာ အောက်တိုဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) အဖွဲ့ဝင်အဖြစ် ၁၉၄၉ ခုနှစ်အောက်တိုဘာ ၄ ရက်နေ့မှာ ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနား ကျငး်ပရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာအနှံ့အပြားရှိ စာပို့တိုက်ဝန်ဆောင်မှု သုံးစွဲသူတွေနဲ့ စီးပွားရေး လုပ်ငနး်တွေအကြား စာပို့တိုက်ရဲ့ အခန်းကဏ္ဍကို သိရှိစေဖို့သာမက စာပို့တိုက်လုပ်ငန်းတွေ ကမ္ဘာတစ်ဝန်း လှုမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ပါဝင်ဆောင်ရွက်နေတာတွေကို သိရှိနိုင်ဖို့ ကျင်း်ပတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)