Eleven Media Group ဂ်ာနယ္လစ္ေတြကို ဖမ္းဆီး၊ အင္းစိန္ေထာင္ကို ပို႔ေဆာင္

0
810

Eleven Media Group အယ္ဒီတာခ်ဳပ္ ဦးေက်ာ္ေဇာလင္း၊ တာဝန္ခံအယ္ဒီတာ ဦးနရီမင္းနဲ႔ သတင္းေထာက္ခ်ဳပ္ ကိုၿဖိဳးေဝဝင္းတို႔ကို ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႔ ၫႊန္ၾကားေရးမွဴးက တရားလိုျပဳလုပ္ၿပီး ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲဆို ဖမ္းဆီးလိုက္ပါတယ္။

သတင္းဓာတ္ပံု- Eleven Media Group

ေအာက္တုိဘာ ၈ ရက္ထုတ္ Weekly Eleven ဂ်ာနယ္ စာမ်က္ႏွာ ၂၆ မွာ ေဖာ္ျပထားတဲ့ “အၿမဲရံႈးေနတဲ့ စက္သံုးဆီဆိုင္ေတြ ပိတ္ေရး၊ ေငြေခ်းသူ ဘယ္သူမွန္းမသိတဲ့ ေက်ာင္းကားနဲ႔ လူအမည္ေပါက္ ျပည္သူ႔ရွယ္ယာ” ေဆာင္းပါးနဲ႔ ပတ္သက္ၿပီး တရားစြဲခဲ့တာျဖစ္ေၾကာင္း တာေမြၿမဳိ႕နယ္ တရားသူႀကီးက တရားခြင္အတြင္း ေျပာၾကားခဲ့ပါတယ္။

ေအာက္တိုဘာ ၉ ရက္ ညပိုင္းမွာ Eleven Media Group ႐ံုးကို ရဲေတြက ဖမ္းဝရမ္းနဲ႔ လာေရာက္ ဖမ္းဆီးခဲ့ေပမယ့္ ႐ံုးဆင္းခ်ိန္ ျဖစ္ေနခဲ့ပါတယ္။ ဒီေန႔ ေအာက္တုိဘာ ၁၀ ရက္မွာ တရားစြဲဆိုခံရသူ သံုးဦးက တာေမြၿမိဳ႕နယ္ ရဲစခန္းမွာ သြားေရာက္ အစစ္ခံခဲ့ၿပီး တာေမြၿမိဳ႕နယ္ တရား႐ံုးမွာ ႐ံုးခ်ိန္း ရမန္ယူၿပီးေနာက္ အင္းစိန္အက်ဥ္းေထာင္ကို ပို႔ေဆာင္ခဲ့ေၾကာင္း Eleven Media မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Eleven Media Group ဂျာနယ်လစ်တွေကို ဖမ်းဆီး၊ အင်းစိန်ထောင်ကို ပို့ဆောင်

Eleven Media Group အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆို ဖမ်းဆီးလိုက်ပါတယ်။

အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာ ဖော်ပြထားတဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးနဲ့ ပတ်သက်ပြီး တရားစွဲခဲ့တာဖြစ်ကြောင်း တာမွေမြို့နယ် တရားသူကြီးက တရားခွင်အတွင်း ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက် ညပိုင်းမှာ Eleven Media Group ရုံးကို ရဲတွေက ဖမ်းဝရမ်းနဲ့ လာရောက် ဖမ်းဆီးခဲ့ပေမယ့် ရုံးဆင်းချိန် ဖြစ်နေခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၀ ရက်မှာ တရားစွဲဆိုခံရသူ သုံးဦးက တာမွေမြို့နယ် ရဲစခန်းမှာ သွားရောက် အစစ်ခံခဲ့ပြီး တာမွေမြို့နယ် တရားရုံးမှာ ရုံးချိန်း ရမန်ယူပြီးနောက် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ကြောင်း Eleven Media မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)