ၿမိဳ႕ေတာ္ဝန္ေျပာတဲ့ “ေပါက္လႊတ္ပဲစား” အသံုးကို လႊတ္ေတာ္မွာ မွတ္တမ္းတင္

0
854

ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတ္ာမွာ ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စုိးက “ေပါက္လႊတ္ပဲစား” ဆုိတဲ့ စကားလုံး အသုံးအႏႈန္းအေပၚ ကန္႔ကြက္ခံခဲ့ရၿပီး အခုလုိ ေျပာၾကားခဲ့မႈအေပၚ လႊတ္ေတာ္က မွတ္တမ္း တင္ထားခဲ့ပါတယ္။

မေန႔ ေအာက္တုိဘာလ ၉ ရက္ေန႔မွာ ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ သတၱမ ပုံမွန္အစည္းအေဝး ၁၉ ရက္ေျမာက္ေန႔မွာ ေက်ာက္တံတားၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၁) တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚၾကည္ျပာက ၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္မွာ ကားပါကင္ေၾကး ေကာက္ယူမယ့္ကိစၥနဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့ရာ ၿမိဳ႕ေတာ္ဝန္က ေပါက္လႊတ္ပဲစား ဆုိတဲ့ စကားလုံး သုံးႏႈန္းခဲ့တာ ျဖစ္ပါတယ္။

ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စုိးက ၾသဂုတ္လ ၂၂ ရက္ကေန ၂၃ ရက္အတြင္း နုိင္ငံပုိင္ သတင္းစာေတြထဲမွာ ေစ်းၿပိဳင္တင္ဒါ ေခၚယူခဲ့ပါတယ္။ ကြ်န္ေတ္ာတုိ႔ ေပါက္လႊတ္ပဲစား ေျပာလုိ႔မရပါဘူး၊ ဘာလုိ႔လဲဆုိေတာ့ ဒါကုိ တေလးတစားနဲ႔ တင္ျပရျခင္းပါလုိ႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ “ေပါက္လႊတ္ပဲစား” စကားလုံး အသုံးအႏႈန္းကုိ လႊတ္ေတာ္အေနနဲ႔ ကန္႔ကြက္တဲ့ အတြက္ေၾကာင့္ မွတ္တမ္းတင္ေပးဖို႔ ေဒၚၾကည္ျပာက ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြို့တော်ဝန်ပြောတဲ့ “ပေါက်လွှတ်ပဲစား” အသုံးကို လွှတ်တော်မှာ မှတ်တမ်းတင်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မြို့တော်ဝန် ဦးမောင်မောင်စိုးက “ပေါက်လွှတ်ပဲစား” ဆိုတဲ့ စကားလုံး အသုံးအနှုန်းအပေါ် ကန့်ကွက်ခံခဲ့ရပြီး အခုလို ပြောကြားခဲ့မှုအပေါ် လွှတ်တော်က မှတ်တမ်းတင်ထားခဲ့ပါတယ်။

မနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် သတ္တမ ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့မှာ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မြို့နယ် ခြောက်မြို့နယ်မှာ ကားပါကင်ကြေး ကောက်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ မြို့တော်ဝန်က ပေါက်လွှတ်ပဲစား ဆိုတဲ့ စကားလုံး သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။

မြို့တော်ဝန် ဦးမောင်မောင်စိုးက သြဂုတ်လ ၂၂ ရက်ကနေ ၂၃ ရက်အတွင်း နိုင်ငံပိုင် သတင်းစာတွေထဲမှာ ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ပါတယ်။ ကျွန်တော်တို့ ပေါက်လွှတ်ပဲစား ပြောလို့မရပါဘူး၊ ဘာလို့လဲဆိုတော့ ဒါကို တလေးတစားနဲ့ တင်ပြရခြင်းပါလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ပေါက်လွှတ်ပဲစား” စကားလုံး အသုံးအနှုန်းကို လွှတ်တော်အနေနဲ့ ကန့်ကွက်တဲ့ အတွက်ကြောင့် မှတ်တမ်းတင်ပေးဖို့ ဒေါ်ကြည်ပြာက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)