ယူ-၁၇ ေဘာလံုးၿပိဳင္ပြဲမွာ ဂ်ပန္က ျမန္မာကို ႏိုင္

0
833

၂၀၁၈ ခုႏွစ္ ဂ်ပန္-မဲေခါင္ ယူ-၁၇ ေဘာလံုးၿပိဳင္ပြဲကို ေအာက္တိုဘာ ၆ ရက္ေန႔မွာ က်င္းပခဲ့ၿပီး ဂ်ပန္ ယူ-၁၇ အမ်ိဳးသား အသင္းက ျမန္မာ ယူ-၁၇ အမ်ိဳးသား အသင္းကို ၃ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ေဘာလံုးၿပိဳင္ပြဲကို ဂ်ပန္ႏိုင္ငံ၊ ဖူကူရွီးမား စီရင္စုရွိ ေဂ် ေက်းရြာ၊ ကြင္းနံပါတ္ (၁) မွာ ေန႔လည္ ၂ နာရီက စတင္ကစားခဲ့တာ ျဖစ္တယ္လို႔ Japan Football Association (JFA) သတင္းမွာ ေဖာ္ျပထားပါတယ္။ ပထမပိုင္းပြဲစဥ္မွာ ဂ်ပန္က ၂ ဂိုးရရွိၿပီး ျမန္မာက ၁ ဂိုး ျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ဂ်ပန္က ၁ ဂိုးဆက္သြင္းခဲ့တဲ့အတြက္ ၃ ဂိုး ၁ ဂိုးနဲ႔ ဂ်ပန္က အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

ဂ်ပန္ ယူ-၁၇ အသင္းက ဗီယက္နမ္ ယူ-၁၇ အမ်ိဳးသားအသင္းကို အႏိုင္ရရွိထားတဲ့အတြက္ အခု အႏိုင္ရရွိမႈက ဒုတိယေျမာက္ အႏိုင္ရရွိတဲ့ပြဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယူ-၁၇ ဘောလုံးပြိုင်ပွဲမှာ ဂျပန်က မြန်မာကို နိုင်

၂၀၁၈ ခုနှစ် ဂျပန်-မဲခေါင် ယူ-၁၇ ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဂျပန် ယူ-၁၇ အမျိုးသား အသင်းက မြန်မာ ယူ-၁၇ အမျိုးသား အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘောလုံးပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ဖူကူရှီးမား စီရင်စုရှိ ဂျေ ကျေးရွာ၊ ကွင်းနံပါတ် (၁) မှာ နေ့လည် ၂ နာရီက စတင်ကစားခဲ့တာ ဖြစ်တယ်လို့ Japan Football Association (JFA) သတင်းမှာ ဖော်ပြထားပါတယ်။ ပထမပိုင်းပွဲစဉ်မှာ ဂျပန်က ၂ ဂိုးရရှိပြီး မြန်မာက ၁ ဂိုး ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဂျပန်က ၁ ဂိုးဆက်သွင်းခဲ့တဲ့အတွက် ၃ ဂိုး ၁ ဂိုးနဲ့ ဂျပန်က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂျပန် ယူ-၁၇ အသင်းက ဗီယက်နမ် ယူ-၁၇ အမျိုးသားအသင်းကို အနိုင်ရရှိထားတဲ့အတွက် အခု အနိုင်ရရှိမှုက ဒုတိယမြောက် အနိုင်ရရှိတဲ့ပွဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)