ပင္ဂြင္း ရန္ဒမ္ စာအုပ္တိုက္ အေရွ႕ေတာင္အာရွကို တိုးခ်ဲ႕မယ္

0
787

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္အေျခစိုက္ စာအုပ္ထုတ္ေဝေရး လုပ္ငန္းျဖစ္တဲ့ ပင္ဂြင္း ရန္ဒမ္ စာအုပ္တိုက္ (PRH) ဟာ လာမယ့္ႏွစ္မွာ PRH အေရွ႕ေတာင္အာရွ စာအုပ္တိုက္ခြဲကို ဖြင့္လွစ္သြားမွာ ျဖစ္တယ္လို႔ Publishers Weekly သတင္းမွာ ေဖာ္ျပထားပါတယ္။

ပင္ဂြင္း စာအုပ္တိုက္ဟာ စင္ကာပူႏိုင္ငံမွာ အေျခစိုက္မွာျဖစ္ၿပီး လူႀကီးေတြအတြက္ေရာ ကေလးေတြအတြက္ပါ ဝတၳဳနဲ႔ ဝတၳဳမဟုတ္တဲ့ တျခားစာေပေတြကို အဂၤလိပ္ဘာသာနဲ႔ ထုတ္ေဝမွာ ျဖစ္ပါတယ္။ စာအုပ္ေတြကို စင္ကာပူ၊ ျမန္မာ၊ မေလးရွား၊ ထိုင္း၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ ဗီယက္နမ္နဲ႔ ဘ႐ူႏိုင္းႏိုင္ငံေတြကို ျဖန္႔ခ်ိမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာ တစ္ႏွစ္ကို စာအုပ္အမ်ိဳးအစား ၅၀ ထုတ္ေဝဖို႔ လ်ာထားပါတယ္။ ပင္ဂြင္း ရန္ဒမ္ စာအုပ္တိုက္ ေျမာက္အာရွနဲ႔ ပင္ဂြင္း ရန္ဒမ္ စာအုပ္တိုက္ အိႏၵိယတို႔ကို ထူေထာင္ၿပီး ျဖစ္ၿပီး အခု ပင္ဂြင္း စာအုပ္တိုက္ စင္ကာပူကို အေရွ႕ေတာင္ အာရွအတြက္ ဆက္လက္ ထူေထာင္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပင်ဂွင်း ရန်ဒမ် စာအုပ်တိုက် အရှေ့တောင်အာရှကို တိုးချဲ့မယ်

အမေရိကန်နိုင်ငံ၊ နယူးယောက်အခြေစိုက် စာအုပ်ထုတ်ဝေရေး လုပ်ငန်းဖြစ်တဲ့ ပင်ဂွင်း ရန်ဒမ် စာအုပ်တိုက် (PRH) ဟာ လာမယ့်နှစ်မှာ PRH အရှေ့တောင်အာရှ စာအုပ်တိုက်ခွဲကို ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ Publishers Weekly သတင်းမှာ ဖော်ပြထားပါတယ်။

ပင်ဂွင်း စာအုပ်တိုက်ဟာ စင်ကာပူနိုင်ငံမှာ အခြေစိုက်မှာဖြစ်ပြီး လူကြီးတွေအတွက်ရော ကလေးတွေအတွက်ပါ ဝတ္ထုနဲ့ ဝတ္ထုမဟုတ်တဲ့ တခြားစာပေတွေကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေမှာ ဖြစ်ပါတယ်။ စာအုပ်တွေကို စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ဘရူနိုင်းနိုင်ငံတွေကို ဖြန့်ချိမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ တစ်နှစ်ကို စာအုပ်အမျိုးအစား ၅၀ ထုတ်ဝေဖို့ လျာထားပါတယ်။ ပင်ဂွင်း ရန်ဒမ် စာအုပ်တိုက် မြောက်အာရှနဲ့ ပင်ဂွင်း ရန်ဒမ် စာအုပ်တိုက် အိန္ဒိယတို့ကို ထူထောင်ပြီး ဖြစ်ပြီး အခု ပင်ဂွင်း စာအုပ်တိုက် စင်ကာပူကို အရှေ့တောင် အာရှအတွက် ဆက်လက် ထူထောင်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)