Eleven Media ဂ်ာနယ္လစ္ သံုးဦးကို ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈနဲ႔ အမႈဖြင့္

0
1642

Eleven Media Group ရဲ႕ အယ္ဒီတာခ်ဳပ္၊ တာဝန္ခံအယ္ဒီတာနဲ႔ အႀကီးတန္းအယ္ဒီတာတို႔ကို တာေမြၿမိဳ႕နယ္ရဲစခန္းက ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (ခ) ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ အမႈဖြင့္လိုက္ပါတယ္။

အယ္ဒီတာခ်ဳပ္ ကိုေက်ာ္ေဇာလင္း၊ တာဝန္ခံအယ္ဒီတာ ကိုနရီမင္းနဲ႔ အႀကီးတန္း အယ္ဒီတာ ကိုၿဖိဳးေဝဝင္းတို႔ကို မေန႔က ေအာက္တိုဘာ ၉ ရက္ေန႔မွာ အမႈဖြင့္ထားေၾကာင္း မေန႔ ေအာက္တိုဘာ ၉ ရက္ေန႔ ညေနက Eleven Media ႐ံုးကို အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

ဘယ္သတင္း၊ ေဆာင္းပါးေၾကာင့္ အခုလို ၅၀၅ (ခ) နဲ႔ အမႈဖြင့္တယ္ဆိုတာကို တရားဝင္ မသိရေသးပါဘူး။ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၈ ရက္ေန႔ကလည္း စစ္ကိုင္းတိုင္း၊ မင္းကင္းၿမိဳ႕နယ္ ေဟာေျပာမႈမွာ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈနဲ႔ စာေရးဆရာ ေမာင္ေသြးခြ်န္ (ခ) ဦးျမင့္စိုးကို ကနီတရား႐ံုးက ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Eleven Media ဂျာနယ်လစ် သုံးဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ အမှုဖွင့်

Eleven Media Group ရဲ့ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ အကြီးတန်း အယ်ဒီတာတို့ကို တာမွေမြို့နယ်ရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်း အယ်ဒီတာ ကိုဖြိုးဝေဝင်းတို့ကို မနေ့က အောက်တိုဘာ ၉ ရက်နေ့မှာ အမှုဖွင့်ထားကြောင်း မနေ့ အောက်တိုဘာ ၉ ရက်နေ့ ညနေက Eleven Media ရုံးကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဘယ်သတင်း၊ ဆောင်းပါးကြောင့် အခုလို ၅၀၅ (ခ) နဲ့ အမှုဖွင့်တယ်ဆိုတာကို တရားဝင် မသိရသေးပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ဟောပြောမှုမှာ နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ စာရေးဆရာ မောင်သွေးချွန် (ခ) ဦးမြင့်စိုးကို ကနီတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)