
0
345




…………………. ။ ။ …………………….

ပဲခူးတိုင်း ဝန်ကြီးချုပ်နဲ့ သစ်တောဝန်ကြီး နုတ်ထွက်ပေးဖို့ ဆန္ဒဖော်ထုတ်

ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ သစ်တောဝန်ကြီး ဦးကျော်မင်းစံတို့ နုတ်ထွက်ပေးရေးအတွက် ပဲခူးမြို့မှာ လူ ၅၀ ခန့် လှည့်လည် ဆန္ဒထုတ်ဖော်ကြပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၁၀ နာရီက စတင်ပြီး ပဲခူးမြို့ မဇင်းတံတားထိပ်ကနေ စတင်ပြီး ရွှေမော်ဓော စေတီတော် အနောက်ဘက် မုခ်ကနေ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့အထိ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။

တာဝန်ယူတာ ၁၉ လထဲ ဝင်လာပြီ ဖြစ်ပေမယ့် ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေအရ ပြည်သူတွေအတွက် တစ်ခုမှ လုပ်ထားတာ မရှိဘူးလို့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုထွန်းအောင်ကျော်က ပြောပါတယ်။

တိုင်း သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံကတော့ ဒီမိုကရေစီနည်းအရ ဥပဒေနဲ့အညီ ဆန္ဒပြခွင့်ရှိကြောင်း၊ သူက သစ်တောဝန်ကြီးဖြစ်ပြီး သူ့ကို လယ်ယာမြေကိစ္စ ဆန္ဒပြတာ နည်းနည်းလေးတော့ လွဲနေတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)