ရန္ကုန္ကို ေဒသတြင္း ကုန္သြယ္မႈ ဗဟိုခ်က္ ျဖစ္ေရး ေဆြးေႏြး

0
395

ရန္ကုန္ၿမိဳ႕ကို ေဒသတြင္း စီးပြားေရးနဲ႔ ကုန္သြယ္ေရး ဗဟိုခ်က္တစ္ခုအျဖစ္ ဖြံ႔ၿဖိဳးတိုးတက္လာေစေရး ရည္ရြယ္ၿပီး ေရရွည္ အစီအစဥ္ေတြကို ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ ေအာက္စဖို႔ဒ္ စီးပြားေရးအဖြဲ႔ (OBG) တို႔ ေတြ႔ဆံု ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံကို တင္သြင္းလာတဲ့ ကုန္ပစၥည္းေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းခန္႔ဟာ ရန္ကုန္ဆိပ္ကမ္းကေန ဝင္ေရာက္လာတာျဖစ္လို႔ ေရေၾကာင္းကုန္သြယ္မႈဟာ အေရးပါတဲ့ အခန္းက႑ ျဖစ္လိမ့္မယ္လို႔ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕နဲ႔ တျခား ေဒသေတြမွာ လုပ္ေဆာင္ေနတဲ့ အေျခခံ အေဆာက္အအံု စီမံကိန္းေတြရဲ႕ တိုးတက္မႈႏႈန္းကို ေဖာ္ျပမယ့္ ငါးႀကိမ္ေျမာက္ အစီရင္ခံစာ ျဖစ္တဲ့The Report: Myanmar 2018 နဲ႔ ပတ္သက္ၿပီး OBG က ကိုယ္စားလွယ္ေတြ ဦးၿဖိဳးမင္းသိန္းနဲ႔ ေတြ႔ဆံုတာ ျဖစ္ပါတယ္။
……………………. ။ ။ ……………………..

ရန်ကုန်ကို ဒေသတွင်း ကုန်သွယ်မှု ဗဟိုချက် ဖြစ်ရေး ဆွေးနွေး

ရန်ကုန်မြို့ကို ဒေသတွင်း စီးပွားရေးနဲ့ ကုန်သွယ်ရေး ဗဟိုချက်တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ပြီး ရေရှည် အစီအစဉ်တွေကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အောက်စဖို့ဒ် စီးပွားရေးအဖွဲ့ (OBG) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ ရန်ကုန်ဆိပ်ကမ်းကနေ ဝင်ရောက်လာတာဖြစ်လို့ ရေကြောင်းကုန်သွယ်မှုဟာ အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်လိမ့်မယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့နဲ့ တခြား ဒေသတွေမှာ လုပ်ဆောင်နေတဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေရဲ့ တိုးတက်မှုနှုန်းကို ဖော်ပြမယ့် ငါးကြိမ်မြောက် အစီရင်ခံစာ ဖြစ်တဲ့The Report: Myanmar 2018 နဲ့ ပတ်သက်ပြီး OBG က ကိုယ်စားလှယ်တွေ ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)