ခရီးသြားလုပ္ငန္း တိုးတက္ဖို႔ လုပ္ငန္းစဥ္ ၃ ရပ္နဲ႔ လုပ္ေဆာင္ေန

0
402

ၿမိတ္ကၽြန္းစုကိုအေျချပဳတဲ့ သဘာဝအေျခခံခရီးသြားလုပ္ငန္း အပါအ၀င္ ခရီးသြားလုပ္ငန္းဖြံၿဖိဳး တိုးတက္ေရးအတြက္ လုပ္ငန္းစဥ္ ၃ ရပ္နဲ႔ လုပ္ေဆာင္ေနတယ္လို႔ အမ်ိဳးသားခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရး ဗဟိုေကာ္မတီဥကၠ႒ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာပါတယ္။

ေအာက္တိုဘာ ၉ ရက္က ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ ကမၻာ႔ခရီးသြားလုပ္ငန္းေန႔ (World Tourism Day) အထိမ္းအမွတ္ အခမ္းအနားမွာ ေျပာခဲ့တာ ျဖစ္တယ္လို႔ အစိုးရက သတင္းထုတ္ျပန္ပါတယ္။

ဒုတိယသမၼတက ကၽြန္းေပါင္း ၈၀၀ ေက်ာ္နဲ႔ ဖြဲ႕စည္းထားတဲ့ ၿမိတ္ကၽြန္းစုကိုအေျချပဳျပီး သဘာဝအေျခခံခရီးသြားလုပ္ငန္းမ်ား၊ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးမ်ားအတြင္း ေက်းလက္ေဒသရပ္႐ြာ အေျချပဳခရီးသြားလုပ္ငန္းမ်ား ျမန္မာႏိုင္ငံ ပုဂံနဲ႔ ကေမာဒီးယားႏိုင္ငံ ဆီရမ္ရိ(ပ္)အၾကား “ေရွးေဟာင္းအေမြအႏွစ္ၿမိဳ႕ေတာ္(၂)ခု ခရီးစဥ္ေဒသ တခု” အျဖစ္ ပူးေပါင္းေဆာင္႐ြက္ေရးစတဲ့ လုပ္ငန္းစဥ္မ်ားနဲ႔ ခရီးသြားလုပ္ငန္းဖြံၿဖိဳး တိုးတက္ေရးကို ရည္႐ြယ္ေဆာင္႐ြက္ေနတယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

၂၀၁၆ခုႏွစ္က ျမန္မာႏိုင္ငံအတြင္း ခရီးသြားဧည့္သည္ ၂ ဒသမ ၉ သန္းဝင္ေရာက္ခဲ့ၿပီး အခုႏွစ္မွာ ခရီးသြားဧည့္သည္ ၃ ဒသမ ၅ သန္းအထိလာ ေရာက္ဖို႔ အစိုးရက ေမွ်ာ္မွန္းလုပ္ေဆာင္ေနပါတယ္။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလကေန ဩဂုတ္လထိ ျမန္မာႏိုင္ငံ အတြင္း လာေရာက္တဲ့ ခရီးသြားဧည့္သည္ ၂ ဒသမ ၂၇ သန္း ရွိခဲ့ၿပီး အရင္ႏွစ္ အလားတူကာလနဲ႔ ႏႈိင္းယွဥ္ရင္ ၂၂ ရာခိုင္ႏႈန္းတိုးတက္လာပါတယ္။
……………………. ။ ။ ……………………..

ခရီးသွားလုပ်ငန်းတိုးတက်ဖို့ လုပ်ငန်းစဉ် ၃ ရပ်နဲ့ လုပ်ဆောင်နေ

မြိတ်ကျွန်းစုကိုအခြေပြုတဲ့ သဘာဝအခြေခံခရီးသွားလုပ်ငန်း အပါအဝင် ခရီးသွားလုပ်ငန်းဖွံဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစဉ် ၃ရပ်နဲ့ လုပ်ဆောင်နေတယ်လို့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

အောက်တိုဘာ ၉ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒုတိယသမ္မတက ကျွန်းပေါင်း ၈၀ဝ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ မြိတ်ကျွန်းစုကိုအခြေပြုပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းများ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးများအတွင်း ကျေးလက်ဒေသရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းများ မြန်မာနိုင်ငံ ပုဂံနဲ့ ကမောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)အကြား “ရှေးဟောင်းအမွေအနှစ်မြို့တော်(၂)ခု ခရီးစဉ်ဒေသ တခု” အဖြစ် ပူးပေါင်းဆောင်ရွက်ရေးစတဲ့ လုပ်ငန်းစဉ်များနဲ့ ခရီးသွားလုပ်ငန်းဖွံဖြိုး တိုးတက်ရေးကို ရည်ရွယ်ဆောင်ရွက်နေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်က မြန်မာနိုင်ငံအတွင်း ခရီးသွားဧည့်သည် ၂ ဒသမ ၉ သန်းဝင်ရောက်ခဲ့ပြီး အခုနှစ်မှာ ခရီးသွားဧည့်သည် ၃ ဒသမ ၅ သန်းအထိလာ ရောက်ဖို့ အစိုးရက မျှော်မှန်းလုပ်ဆောင်နေပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လထိ မြန်မာနိုင်ငံ အတွင်း လာရောက်တဲ့ ခရီးသွားဧည့်သည် ၂ ဒသမ ၂၇ သန်း ရှိခဲ့ပြီး အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၂ ရာခိုင်နှုန်းတိုးတက်လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)