
0
383



………………….. ။ ။ …………………….

YBS ယာဉ်မောင်းသင်တန်း အပတ်စဉ် (၄) မှာ အမျိုးသမီး ၄ ဦး တက်ရောက်မယ်

လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် YBS ယာဉ်မောင်းသင်တန်း အပတ်စဉ် (၄) မှာ အမျိုးသမီး ယာဉ်မောင်း ၄ ဦး စတင် တက်ရောက်မှာ ဖြစ်ပါတယ်။

အပတ်စဉ် (၂) မှာ အမျိုးသမီးယာဉ်မောင်း တစ်ဦး စတင် လျှောက်ထားပေမယ့် တစ်ယောက်တည်း ဖြစ်နေတဲ့အတွက် စောင့်ဆိုင်းရင်း အပတ်စဉ် (၄) မှာ ၄ ဦးအထိ ရှိလာတာ ဖြစ်တယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

YBS ယာဉ်မောင်းသင်တန်းတွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တို့ ပူးပေါင်း ဖွင့်လှစ်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)