
0
311




…………………. ။ ။ ……………………….

မြန်မာ-စင်ကာပူ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အခုနှစ် အချောသပ်မယ်

မြန်မာ-စင်ကာပူ နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှုသဘောတူစာချုပ်တရပ်ကို အခုနှစ် မကုန်မီ အချောသပ်ဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစတာ ရောဘတ်ချွာက ပြောပါတယ်။

နှစ်နိုင်ငံစလုံးက စီးပွားရေးလုပ်ငန်းရှင်တွေကို အကျိုးဖြစ်ထွန်းစေမယ့် စာချုပ်တခုဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။

စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဒုတိယရင်းနှီးမြှပ်နှံမှုအများဆုံးနိုင်ငံဖြစ်သလို မြန်မာနိုင်ငံရဲ့ တတိယမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပရင်းနှီးမြှပ်နှံသူတွေကို ယုံကြည်မှုပေးရမှာက နိုင်ငံရေးတည်ငြိမ်မှုဖြစ်ပြီး ရင်းနှီမြှပ်နှံသူတွေဟာ နိုင်ငံရေးဆိုင်ရာအရဲစွန့်မှုကို မကြိုက်ကြဘူးလို့လည်း စင်ကာပူသံက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)